Tuesday, November 19, 2013

ဖောင်စိန်တံတားပေါ်မှ မှန်လုံယာဉ် ချောက်ထဲထိုးကျသော်လည်း သေဆုံးသူမရှိ

မွန်ပြည်နယ်မော်လမြိုင်မြို့မှသံဖြူဇရပ်မြို့သို့မောင်းနှင်လာသော ခရီးသည်တင်မှန်လုံကားတစ်စီးမှာ တံတားပေါ်မှ ကျော်၍ လမ်းဘေးချောင်းထဲထိုးကျခဲ့ကြောင်း သိရှိရသည်။ မော်လမြိုင်မြို့မှသံဖြူဇရပ်မြို့သို့မောင်းနှင်လာသော အောင်သီဟယာဉ်လိုင်းပိုင် ခရီးသည်တင်မှန်လုံ ကားတစ်စီးမှာ နိုဝင်ဘာ(၁၆)ရက်နေ့နံနက်(၄)နာရီအချိန်က မုဒုံမြို့နယ်နှင့်သံဖြူဇရပ်မြို့နယ်ကြားရှိ ဖောင်စိန်ကျေးရွာ တံတား အရောက်၌ တံတာလက်တန်းများကိုဝင်တိုက်မိပြီးတံတားအောက်ရှိ ချောင်းအတွင်းပြုတ်ကျမှုဖြစ်ခဲ့ခြင်းဖြစ်သည်။
 အဆိုပါခရီးသည်တင်မှန်လုံကားပေါ်တွင် ခရီးသည်(၁၆)ဦးနှင့်ကလေးငယ်တစ်ဦးစီနှင်းလိုက်ပါလာပြီး ခရီးသည်များ အားလုံး ပွန်းပဲ့ဒဏ်ရာများသာရရှိခဲ့ကာ သေဆုံးမှုမရှိခဲ့ကြောင်း လိုက်ပါစီးနင်းလာသော ခရီးသည်များထံမှ သိရသည်။
ကျွန်တော်တို့ အိပ်ပျော်နေတာပါ။ ကားက ၀ုန်း ဆိုအသံကြားတော့ လန့်နိုးပြီးထွက်ပြေးမိတယ်။ ကျွန်တော့် အပေါ်မှာမှန်ကပိနေတော့ မှန်ကိုခွဲပြီးထွက်လာရတယ်။ ကားထဲကလူတွေကတော့ အော်နေကြတာပေါ့။ တစ်ယောက်မှကြီးကြီးမားမား မထိခိုက်ပါဘူး။ အားလုံးလမ်းပေါ်ပြန်တက်ပြီးခဏနေတော့ရဲတွေ ရောက်လာ ကြပါတယ်။ကားမောင်းတဲ့လူကတော့အပေါ်မတက်ဘဲ ထွက်ပြေးသွားတယ်။ဟု ကားပေါ်တွင်လိုက်ပါ စီးနင်းလာသူတစ်ဦးက ပြောသည်။
ကားပြုတ်ကျမှုကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ခရီးသည်များမှာသံဖြူဇရပ်မြို့ဆေးရုံကြီးတွင်ဆေးကုသမှုများ ခံယူလျက်ရှိပြီး ယာဉ်မောင်းဦးအေးကျော်နှင့်ဦးချစ်ကိုတို့နှစ်ဦးသည် ထွက်ပြေးတိန်းရှောင်သွားကြောင်း ကားပေါ်တွင်လိုက်ပါစီးနင်းလာသောခရီးသည်များထံမှသိရသည်။
လောလောဆယ်တော့ ထွက်ပြေးသွားတဲ့ ယာဉ်မောင်းနဲ့စပယ်ယာကိုရဲစခန်းကိုပို့ပေးဖို့ သူတို့ ယာဉ်လိုင်းပိုင်ရှင်ဆီကို အကြောင်းကြားထားပါတယ်။ကျွန်တော်တို့လည်း စုံစမ်းနေပါတယ်။ ရုတ်တရက် ဖြစ်သွားတာဆိုတော့ကြောက်လန့်ပြီးထွက်ပြေးကြတာထင်တယ်။ ခရီးသည်တွေကတော့ စိုးရိမ်စရာမရှိတော့ပါဘူး။ ကျွန်တော်တို့လည်းတတ်နိုင်သမျှလုပ်ဆောင်ပေးနေပါတယ်''ဟု မုဒုံမြို့နယ်၊ကမာဝက်ရဲစခန်းမှ ရဲအုပ်စိုးမင်းလတ် ကပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုအတွက်ယာဉ်မောင်းအားယာဉ် (ပ)/၁၂ ၊ ယာဉ်မဆင်မခြင်မောင်းနှင်မှု အပါအ၀င် ထိခိုက် နာကျင်စေမှုစသော ပြစ်မှုများ ပုဒ်မ ၃၃၇ ၊ပုဒ်မ ၃၃၈ အရ ကမာဝက်ရဲစခန်း၌ အမှုဖွင့်အရေးယူထားသည်ဟု သိရှိ ရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။