Tuesday, November 19, 2013

OIC အရေး လားရှိုး၌ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အတွင်း၌ နိုဝင်ဘာ-၁၄ရက်နေ့၊ နေ့လည်ပိုင်းက OICကိုလက်မခံသည့်အကြောင်း ဆန္ဒထုတ်ဖော်မှု တစ်ရပ်ပြုလုပ်ခဲ့ပြီး အဆိုပါဆန္ဒထုတ်ဖော်မှုမှာလားရှိုးမြို့၌ ပထမဆုံးအကြိမ်ဆန္ဒထုတ်ဖော်မှုလည်း ဖြစ်သည်။

ယင်းဆန္ဒထုတ်ဖော်မှု၌ ဒေသခံ ၁၀၀ ၀န်းကျင်ခန့်ပါဝင်ပြီး သံဃာအပါး ၃၀ခန့်လည်း ပါဝင်ကြောင်းနှင့်လားရှိုး အမှတ်(၁) ရဲစခန်းသို့ ခွင့်ပြုချက်တောင်းခံကာ နေ့လည် ၁နာရီမှ ၂နာရီအထိ လားရှိုးမြို့တော်ခန်းမရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
  “အမျိုးသားရေးအနေနဲ့ ကြည့်မယ်ဆိုရင် ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်၊ OICက အစိုးရဖိတ်လို့ လာရတယ်ဆိုတဲ့ အချက်က စဉ်းစားစရာပေါ့၊ ပထမတစ်ကြိမ်တုန်းက အစိုးရကလည်း လက်မခံခဲ့ဘူးလေ၊ မြန်မာပြည် တွင်းရေးကို ၀င်မစွက်ဘူးဆိုရင်တော့ ပြောစရာမရှိပါဘူး၊ သူတို့ရဲ့ဘာသာကို ဦးတည်ပြီး လုပ်မယ်ဆိုရင်တော့ ဆန့်ကျင်သင့်ပါတယ် ဟု လားရှိုးဒေသခံ ကိုရိုးခက်က ပြောသည်။
အဆိုပါ ဆန္ဒပြသူများကို လားရှိုးမြို့မရဲစခန်းမှ လုံခြုံရေးအဖြစ်တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း၊ အထက်မှလည်း ခွင့်ပြုပေးခဲ့ကြောင်း၊ စခန်းသို့ တရားဝင်စာတင်ထားခြင်း မရှိကြောင်း မြို့မရဲစခန်းမှ တာဝန်မှူးဒုရဲမှူးတစ်ဦးက အတည်ပြု ပြောကြားသည်။
အခုလို ဆန္ဒထုတ်ဖော်မှုကို ထောက်ခံပါတယ်၊ သူတို့ မြန်မာပြည်ကို လာတာ မကြိုက်ပါဘူး၊ လားရှိုးက မျိုးချစ်တွေ

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။