Tuesday, November 19, 2013

ရန်ကုန်နှင့်တောင်ကြီးတွင် တစ်ရက်အတွင်း OIC ကိုကန့်ကွက်သည့်ဆန္ဒဖော်ထုတ်မှုများဖြစ်

နိုဝင်ဘာ (၁၅)ရက်နေ့၌ ရန်ကုန်နှင့် တောင်ကြီးမြို့တို့တွင် OIC အဖွဲ့အား ကန့်ကွက်သည့် ဆန္ဒဖော်ထုတ်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရန်ကုန်မြို့၌ နေ့လည်(၂း၀၀)ခန့်တွင် ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှ ဆူးလေးသို့ သံဃာတော်များအပါအ၀င် အင်းအား(၁၀၀၀)ခန့်ဖြင့် လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
“ရည်ရွယ်ချက်က (အိုအိုင်စီ)ကိုကန့်ကွက်ဖို. (အိုအိုင်စီ)ကမရိုးသား တကယ်ကူညီချင်တယ်ဆိုရင် မြန်မာပြည်မှာနာဂစ်ဖြစ်တုန်းက ဒုက္ခရောက်သူတွေကများတယ် ကူညိမယ်ဆိုရင် အဲဒိထဲကစပြိးကူညိပါလား အဲဒိတုန်းကမလာဘူးအခုလာတယ်ဆိုတောမရိုသးဘူး” ဟု ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သူ ဦးဝင်းခိုင်ကပြောသည်။

တောင်ကြီးမြို့၌လည်း နေ့လည်(၁း၀၀)ခန့်တွင် လူအင်အား (၄၀၀)ခန့်ဖြင့် မင်းကျောင်းဘုန်းကြီးကျောင်းမြောက်ဖက်မှ နဂါးပတ်ကျောင်းသို့ လမ်းလျှောက်၍ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အဆိုပါတောင်ကြီးမြို့ဆန္ဒပြပွဲတွင်ပါဝင်သူ ဦးထွန်းတင့်ကလည်း OIC အဖွဲ့အနေဖြင့် ပြည်တွင်း၌ ရုံးလာဖွင့်မည်ကိုမလိုလားသောကြောင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်သည်ဟုဆိုသည်။
နိုဝင်ဘာ (၁၂)ရက်နေ့ကလည်း ရန်ကုန်မြို့တွင် OIC နှင့်ပတ်သက်၍ဆန္ဒဖော်ထုတ်မှုနှစ်ခုဖြစ်ပွားခဲ့ပြီး၊ စစ်တွေမြို့တွင်လည်း ဆန္ဒပြရန်လူစုနေချိန်ရဲတပ်ဖွဲ့ဝင်များက လူစုခွဲနိုင်ခဲ့သည်။နိုဝင်ဘာ (၁၄)ရက်နေ့တွင်လည်း လားရှိုးမြို့၌ OIC ကိုဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။
OIC (အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေး)အဖွဲ့သည် နိုဝင်ဘာ(၁၃)ရက်နေ့တွင်မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး (၁၅)ရက်နေ့တွင် စစ်တွေမြို့သို့သွားရောက်လေ့လာခဲ့သည်။
နိုင်ငံတော်သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်မှ OIC လာသည့်ကိစ္စသည် မြန်မာပြည်တွင်း၌ ရုံးခန်းဖွင့်လှစ်ရန် မဟုတ်ကြောင်းနှင့်ပဋိပက္ခဖြစ်သည့်အခြေအနေများကိုလာရော က်လေ့လာရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။