Wednesday, November 7, 2012

ဒိန်းမတ် နှင့် နော်ဝေသံရုံး ရန်ကုန်မှာ ဖွင့်လိုက်

ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံနှင့် နော်ဝေနိုင်ငံတို့၏ ပူးတွဲသံရုံးတခုကို ရန်ကုန်မြို့တွင်
နိုဝင်ဘာလ ၄ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။


“ယနေ့ဟာ မြန်မာအစိုးရနှင့် ဒိန်းမတ်အစိုးရတို့အကြား မြန်မာပြည်သူများနှင့် ဒိန်းမတ် ပြည်သူများအကြား နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးမှု တိုးတတ်ခိုင်မြဲစေဖို့ အခန်းကဏ္ဍသစ်တခုကို ဖွင့်လှစ်နိုင်တဲ့ နေ့တနေ့ ဖြစ်ပါတယ်” ဟု သံရုံးဖွင့်ပွဲ အခမ်းအနားတွင် နော်ဝေနိုင်ငံ ဝန်ကြီးချုပ် ဂျန်း စတော်တန်းဘာ့ဂ် Jens Stoltenberg က ပြောကြား လိုက်သည်။

ထို့အပြင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများကို ပြန်လည် ရုတ်သိမ်းပေးပြီးနောက် နော်ဝေ
နိုင်ငံမှ ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ ပွင့်လန်းသွားပြီ ဖြစ်ဖြစ်ကြောင်းနှင့် ၎င်းတို့ နိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မှတ်တမ်းကောင်းများ ရှိကြောင်းတို့ကိုလည်း ဆက်လက်ပြောကြားသွားခဲ့သည်။

အလားတူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကလည်း “မြန်မာနှင့် နော်ဝေ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုသည် နယ်ပယ်စုံ၊ ကဏ္ဍစုံ၌ ရှင်သန်တိုးတတ်မည်ဟု မျှော်လင့်ကြောင်း၊ အထူးသဖြင့် ပြည်သူများနှင့် လူမှုရေး အဖွဲ့အစည်း များအကြား ထူးခြားစွာ တိုးတတ်မည်ဟု ယုံကြည့်ကြောင်း” စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါသံရုံး တည်နေရာမှာ မရမ်းကုန်းမြို့နယ်၊ ပြည်သူလမ်း၊ အမှတ် (၇) ဖြစ်ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။