Thursday, November 29, 2012

မြန်မာနိုင်ငံတွင် အရပ်သားများ မိုင်းသုံးသည်ဟု လေ့လာတွေ့ရှိ


မြန်မာနိုင်ငံတွင် အရပ်သားများ မိုင်းသုံးသည်ဟု လေ့လာတွေ့ရှိမြန်မာနိုင်ငံ တွင် မိုင်း အသုံးပြုခြင်းနှင့် မိုင်းထုတ်လုပ်ခြင်း များအား အရပ်သား ပြည်သူများပါ အသုံးပြု လျက်ရှိသည်ကို လေ့လာတွေ့ရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ မြေမြှုပ်မိုင်း အသုံးပြုမှု စောင့်ကြည့် လေ့လာရေး အစီရင်ခံ စာတွင် ဖော်ပြပါရှိသည်။

အဆိုပါ အစီရင်ခံစာကို မြေ မြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲ စေ သော လက်နက်ပစ္စည်းများ စောင့် ကြည့် လေ့လာရေးအဖွဲ့(LCM) မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အရှေ့ဘက် ခြမ်းဒေသအချို့ရှိ သာမန်အရပ် သားပြည်သူများနှင့် ကျေးရွာစောင့် များက၄င်းတို့ကျေးရွာအတွင်း သို့ တပ်မတော်သားများ ဝင်ရောက် ခြင်းကိုကာကွယ်ဟန့်တားရန်အတွက်လူသတ်မိုင်းများ အသုံးပြုလျက်ရှိ သည်ဟု ကချင်လူ့အခွင့်အရေး အဖွဲ့(KHRG) က အစီရင်ခံထား ကြောင်း၊ အဆိုပါအလေ့အထများ ကို ဖာပွန်မြို့နယ် မြောက်ဘက် ကျေးရွာစုလေးစုတွင် အထူးအသုံး ပြုလျက်ရှိကြောင်းအစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
“မြန်မာ စစ်သားတွေ လာလို့ မိုင်းနင်းမိရင် သူတို့လှည့်ပြန်မယ်၊ ဒါမှမဟုတ် ကျွန်တော်တို့လည်းပြန်လှည့်ပြေးနိုင်တယ်၊ သတိပေး သံတစ်ခုအနေနဲ့ ကျွန်တော်တို့အသုံး ပြုပါတယ်”ဟု ဖာပွန်ဒေသခံတစ်ဦး ၏ပြောစကားကို အစီရင်ခံစာတွင် ကိုးကားဖော်ပြထားသည်။
ကချင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ အဆိုရ ထိုဒေသ အတွင်းရှိ ကျေးရွာသားတို့သည် မြေမြှုပ်မိုင်းကို လိုချင်သည်ဟု ပြော ဆိုကြကြောင်း၊ KNLA သည် မိုင်း လုပ်နည်းနှင့် မိုင်းလုပ်ရန် ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ မိုင်းသင် တန်းပေးခြင်းတို့ရှိကြောင်း၊ ယင်း ဒေသမှ ကျေးရွာသားတို့သည် ၄င်း တို့ဒေသအား တပ်မတော်စခန်း အားလုံးမှ ပတ်ပတ်လည် ဝိုင်းထား သဖြင့် တခြားမည်သည့် ဒေသကိုမှ ထွက်သွားရန် မရှိခြင်းကြောင့်လည်း ယခု လိုမြေမြှုပ်မိုင်း အသုံးပြု ရခြင်းဖြစ်ကြောင်း KHRG ၏ လေ့လာတွေ့ရှိချက်ကို ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံမြေမြှုပ်မိုင်း အသုံးပြုမှု စောင့်ကြည့်လေ့လာရေး အစီရင်ခံ စာတွင်ဆက်လက်ဖော်ပြထားသည်။ ၂၀၁၁ ခုနှစ် နှောင်းပိုင်းတွင်မိုင်းအသုံးပြုလာသည့် နောက်ထပ် အဖွဲ့အစည်းတစ်ခုမှာ ယခုအစိုးရ အုပ်ချုပ်မှုအောက်ရှိ နယ်ခြားစောင့် တပ်များဖြစ်ကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။