Sunday, August 19, 2012

၈၄ လမ်းတွင် အဝေးပြေး ခရီးသည် တင်ယာဉ် များ သြဂုတ်၂မှစ၍ ဖြတ်သန်းခွင့် မပြု

၈၄ လမ်းတွင် အဝေးပြေး ခရီးသည် တင်ယာဉ် များ သြဂုတ်၂မှစ၍ ဖြတ်သန်းခွင့် မပြု




မန္တလေး မြို့တွင်း အဓိက ကျသည့် လမ်းမကြီး တစ်ခုဖြစ်သော ၈၄ လမ်းတွင် ယာဉ်ကြော ပိတ်ဆို့မှု များအဖြစ် များလာသည့် အတွက် သြဂုတ် ၂၁ ရက်မှစ၍ အဝေးပြေး ခရီးသည် တင်အဝေးပြေးယာဉ်များ ဖြတ် သန်းခွင့် မပြုတော့ကြောင်း သတင်းရရှိသည်။
ယင်း ၈၄ လမ်းကို အသုံးပြု သည့် အဝေးပြေး ခရီးသည်တင် ယာဉ်များမှာ မန္တလေးမြို့ အောင်မြေသာစံမြို့ နယ် သီရိမန္တလာ ယာဉ်ရပ်နား စခန်းအတွင်းရှိကြသော ယာဉ်အသင်းများအနက် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းနှင့် ချင်းပြည် နယ်ဒေသများသို့ ထွက်ခွာကြ သော ယာဉ်များဖြစ်ပြီး သြဂုတ် ၂၁ ရက် နံနက် ၃ နာရီမှ စတင် ကာ ၈၄ လမ်းမအစား ၈၆ လမ်း ကို ပြောင်းလဲပြေးဆွဲရမည်ဖြစ်သည်။ အမရပူရမြို့အ၀င်တွင်မူ ပုံမှန်အတိုင်း ပြေးဆွဲရမည်ဖြစ် သည်ဟု မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီက မန္တ လေးထုတ် နေ့စဉ်သတင်းစာတွင် အသိပေးခဲ့သည်။
၈၄ လမ်းသည် မန္တလေးမြို့ မှ အမရပူရနှင့် စစ်ကိုင်းမြို့များ သို့ သွားရောက်ရာတွင်လည်း ကောင်း၊ မန္တလေးမြို့၏ အထင် ကရနေရာများဖြစ်သော မဟာမုနိ ဘုရားကြီး၊ ဈေးချိုအစရှိသည့် နေ ရာများကို သွားရောက်ရာတွင် လည်းကောင်း အဓိကအသုံးပြု သည့် လမ်းမကြီးဖြစ်သည်။ မန္တလေးမြို့တွင်းတွင် ပြေးဆွဲနေ သော ယာဉ်လိုင်းတစ်ခုမှ ယာဉ် မောင်းတစ်ဦးက ''ယာဉ်ကြောပိတ် ဆို့တာတွေက ကားတွေကြောင့်ချည်းပဲ ပြောလို့မရပါဘူး။ မြို့ပေါ် မှာ ဖွင့်ထားတဲ့ ဖုန်းဆိုင်တွေ အီလက်ထရွန်းနစ်အရောင်းဆိုင်တွေရှေ့မှာ ကားတွေဆိုင်ကယ်တွေ အချိန်အကြာကြီး ရပ်ထားလို့ အ မြဲလမ်းပိတ်တာလည်း ပါပါတယ်။ ဒါတွေကိုလည်း ကြပ်မတ်သင့်ပါ တယ်" ဟု သူ၏အမြင်ကိုပြော သည်။ အထက်ပါ အသိပေးချက်ကို လိုက်နာမှုမရှိပါက စည်ပင်သာယာဥပဒေများနှင့်အညီ ထိထိ ရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။