Sunday, August 19, 2012

UNICEF အဖွဲ့က လှူဒါန်းတဲ့ ကျောင်းပိုင် ရေစက် ပျောက်ဆုံးခြင်း

ယင်းမာပင်မြို့နယ် နဘူးတောကျေးရွာမှာ ကျောင်းသားကျောင်းသူ အယောက် ၄၀၀ ခန့် ပညာသင်ကြားနေတဲ့ အခြေခံပညာ မူလတန်းလွန် ကျောင်းမှာ သောက်သုံးရေ
အတွက် အခက် တွေ့နေရတာကြောင့် UNICEF အဖွဲ့က ရေစက်တလုံးကို လှူဒါန်း ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ရေစက်ကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဆိုသူမှ
တာဝန်ရှိသူတွေရဲ့ခွင့်ပြုချက် မယူဘဲ ကိုယ်ကျိုးအတွက် အသုံးပြုဖို့ ဖြုတ်ယူသွားခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းရဲ့သောက်သုံးရေ အဆင်ပြေစေဖို့ ရေစက် ပြန်လည်ရရှိရေး
အတွက် ရွာသားတွေက စုပေါင်းပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို အဆင့်အဆင့် တိုင်ကြားခဲ့တာကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေက အဆိုပါ ကျေးရွာမှာ ခုံရုံးဖွဲ့ပြီး
စစ်ဆေးမှုတွေ ပြုလုပ် ပေးခဲ့ပါတယ်။ ဒီတိုင်ကြားမှုကို မကျေနပ်တာကြောင့် ဦးသိန်းက အသရေဖျက်မှုနဲ့ တရား စွဲတာကြောင့် ဦးဆောင် တိုင်ကြားသူ ဦးမြင့်ဝင်းကို
ယင်းမာပင်မြို့နယ် ဒုတရားသူကြီး ဒေါ်အေးသိန်းက ထောင်သုံးလ ချမှတ် လိုက်ပါတယ်။ UNICEF အဖွဲ့က လှူဒါန်းထားတဲ့ ရေစက်ကို ကျောင်းမှာ ပြန်လည် ထားပေးဖို့နဲ့
ဖမ်းဆီး ခံထားရတဲ့ ဦးမြင့်ဝင်းကိုလဲ ပြန်လည် လွှတ်ပေးဖို့ အတွက် နဘူးတောကျေးရွာ ရွာသူရွာသားတွေ စုပေါင်းပြီး ဆန္ဒ ထုတ်ဖော်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။