Sunday, August 19, 2012

အီဂျစ်နိုင်ငံရှိ မြန်မာ သံရုံး မပိတ်


အီဂျစ်နိုင်ငံရှိ မြန်မာသံရုံးအား ယာယီ ပိတ်မည် ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဦးစီးဌာန၊ အုပ်ချုပ်ရေး (၁) မှ ဒုတိယ ညွှန်ကြားရေးမှူးက ပြောသည်။
မြန်မာသံရုံး ယာယီပိတ်မည်ဆိုသည့် သတင်းကြောင့် UAE နိုင်ငံများတွင် ရောက်နေသည့် မြန်မာလူမျိုးများကြားတွင် သံရုံးနှင့် ဆက်သွယ်လုပ်ကိုင်ရမည့် ကိစ္စများ ရပ်ဆိုင်းနိုင်သဖြင့် ကြိုတင် သတိပြုနိုင်စေရန် အပြန်အလှန် သတင်းအချက်အလက်များ မျှဝေနေကြခြင်းနှင့် ပတ်သက်၍ 7Day News မှ ဆက်သွယ် မေးမြန်းရာ ယခုကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
“လုံးဝ မဟုတ်ပါဘူး။ သံရုံးပိတ်မယ်ဆိုတဲ့ သတင်းဟာ အခုချိန်ထိတော့ လုံးဝ မဟုတ်သေးပါဘူး” ဟု ဒုတိယ ညွှန်ကြားရေးမှူး ဦးဝဏ္ဏဟန်က ပြောသည်။ UAE နိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများသည် အီဂျစ်နိုင်ငံရှိ တစ်ခုတည်းသော မြန်မာသံရုံးနှင့် ဆက်သွယ် လုပ်ဆောင်ရကြောင်း ဒူဘိုင်းမှ မြန်မာအလုပ်သမား တစ်ဦးက ပြောသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။