Sunday, August 19, 2012

တိုက်ခန်းနှင့် ကွန်ဒို ပုဂ္ဂလိက ဘဏ်တွင် အပေါင်ခံခြင်း ဥပဒေထွက်မှသာ လက်ခံနိုင်မည်

တိုက်ခန်းနှင့် ကွန်ဒို ပုဂ္ဂလိက ဘဏ်တွင် အပေါင်ခံခြင်း ဥပဒေထွက်မှသာ လက်ခံနိုင်မည်




ကွန်ဒို မီနီယံဥပဒေ ပေါ်ထွက် လာပါက တိုက်ခန်း၊ ကွန်ဒိုများအား ဘဏ် အပေါင်ခံ ပစ္စည်းအဖြစ် ထားရှိနိုင်မည် ဖြစ်ကြောင်း ပုဂ္ဂလိက ဘဏ် လုပ်ငန်း များ ထံမှ သိရသည်။ လက်ရှိတွင် တိုက်ခန်း၊ ကွန်ဒို ပိုင်ဆိုင် မှုမှာ ခိုင်မာမှုမရှိသောကြောင့် ဘဏ်အပေါင်ခံ ပစ္စည်းအဖြစ် ထားရှိနိုင်ခြင်း မရှိကြောင်း သိရသည်။ “တိုက်ခန်း၊ ကွန်ဒိုတွေက Law လိုနေတယ်။ တိုက်ပြိုရင် မပိုင်တော့ဘူး။ ပိုင်ဆိုင်မှု မခိုင်မာဖြစ်နေတာ” ဟု AGD ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကွန်ဒိုမီနီယံဥပဒေ ပေါ်ထွက်လာရေးကို ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များ အနေဖြင့် တိုက်ခန်း၊ ကွန်ဒိုနှင့် ဆိုင်ခန်းများကို အပေါင်ခံပစ္စည်းအဖြစ် ထားရှိသွားရန်ရှိပြီး လက်ရှိတွင် ဆိုင်ခန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးဘဏ်မှ အပေါင်ခံ လုပ်ကိုင်ခွင့်ရထားကြောင်း သိရသည်။
ပုဂ္ဂလိကဘဏ်များအနေဖြင့် အပေါင်ခံပစ္စည်းများကို ဥပဒေအရ လုပ်ကိုင်ခွင့်ရှိသော်လည်း ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိမှသာ လုပ်ကိုင်ခွင့်ရှိကြောင်း လတ်တလောတွင် ပုဂ္ဂလိကဘဏ်များအား မြေပေါ်မရွှေ့ပြောင်းနိုင်သည့် အိမ်၊ ခြံ၊ မြေ၊ လက်ရောက်ပေါင် ပစ္စည်းများ ဖြစ်သော၊ ပဲ၊ နှမ်း၊ ပြောင်းနှင့် ရွှေထည် ပစ္စည်းများ၊ စာရင်းသေအပ်ငွေ အပေါင်ခံ၍ အပ်ငွေထက် မများသော ငွေကြေး ထုတ်ချေးခြင်းနှင့် အစိုးရငွေတိုက်စာချုပ်များ အပေါင်ခံခြင်းများ ပြုလုပ်ခွင့် ရရှိထားကြောင်း သိရသည်။ အဆိုပါ အပေါင်ခံ ပစ္စည်းများအား ကာလတိုချေးငွေအဖြစ် တစ်နှစ်အတိုး ၁၃ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးနေပြီး ရက်တိုချေးငွေများကို တစ်နှစ်အတိုး ရာခိုင်နှုန်းမှ ရက်ဖြင့် တွက်ချက် အတိုးယူကြောင်း သိရသည်။



No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။