Sunday, March 10, 2013

လိဂ်ပွဲ ၁၇ပွဲဆက် ဂိုးသွင်းပြီး မက်ဆီ ကမ္ဘာ့စံချိန်တင်ခဲ့


ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့သော ဒီပို့တီဗိုနှင့်ပွဲစဉ်တွင် ဘာစီလိုနာအတွက်
အနိုင်သေချာစေမည့်ဂိုး သွင်းယူပေးနိုင်ခဲ့သည့် မက်ဆီမှာ ကမ္ဘာ့ဘောလုံးလောကတွင် လိဂ်ပြိုင်ပွဲ ၁၇ပွဲဆက် ဂိုးသွင်းနိုင်သူ အဖြစ် စံချိန်တင်နိုင်ခဲ့သည်။ ၁၉၃၇-၃၈ ဘောလုံးရာသီတွင် ပီတာရက်ခ်မှာ ပိုလန်ပထမတန်းပြိုင်ပွဲ တွင် ၁၆ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပြီး စံချိန်တင်ခဲ့ရာ ယခုအခါတွင် အဆိုပါစံချိန်ကို မက်ဆီက ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒို ဘာကာတွင် ကစားခဲ့စဉ်က ၁၀ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သော စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သည့် မက်ဆီမှာ ဒီပို့တီဗိုကို (၂-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ၁ဂိုးသွင်းနိုင်ခဲ့ခြင်းကြောင့် ယခုရာသီတွင် လာလီဂါသွင်းဂိုး ၄၀ထိ ရှိလာခဲ့ပြီး ဥရောပရွှေဖိနပ်ဆု ထပ်မံဆွတ်ခူးဖွယ် ရှိနေသည်။ ထို့အပြင် မက်ဆီမှာ လာလီဂါတွင် ဂိုး ၂၀၀ပြည့် သွင်းယူနိုင်ခဲ့သည့် အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့သူလည်း ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။