Wednesday, April 25, 2012

ကချင်ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ သမ္မတနှင့်တွေ့ရန် တောင်းဆို

တရုတ်နိုင်ငံ ရွှေလီတွင် ငြိမ်းချမ်းရေးဆွေးနွေးစဉ်က (ဓါတ်ပုံ-Google Images)
ရန်ကုန်၊ ဧပြီ-၂၄
မြန်မာအစိုးရနှင့် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရေးတွေ့ဆုံရန် အကျိုးဆောင်ညှိနှိုင်းပေးသော အဖွဲ့တစ်ဖွဲ့ဖြစ် သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG) သည်ကချင်ပြည်နယ်တွင်း လက်ရှိဖြစ်နေသော အခြေအနေများ၊ ပြည်သူ များ ကြုံတွေ့ခံစားနေရသည့် အခက်အခဲများနှင့် ကေအိုင်အေ၏ သဘောထားများကို ပြောပြနိုင်ရန်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရန်စာဖြင့်ပေးပို့တောင်းဆိုထားသည်ဟု အဖွဲ့ဝင်တစ်ဦးကပြောသည်။

သမ္မတနှင့် တွေ့ဆုံခွင့်ရခဲ့ပါက မကြာမီ မိုးတွင်းကာလရောက်ရှိတော့မည်ဖြစ်သဖြင့် စစ်ဘေး ဒုက္ခသည်များကြုံတွေ့နိုင်သည့် အခက်အခဲများ၊ ကချင်ပြည်နယ်အတွင်း သင်္ကြန်ကာလ မတိုင်မီမှ စကာတိုက်ပွဲများ အရှိန်မြင့်လာ သည့်အကြောင်းများနှင့် ကေအိုင် အို၏သဘောထားများကို ပြောပြသွားမည်ဟု အဖွဲ့ဝင်တစ်ဦးကပြောသည်။

သမ္မတနှင့် တွေ့ဆုံနိုင်ရန် စာတစ်စောင်ရေးသားကာ ဧပြီ ၉ ရက်ကပေးပို့ထားပြီး အကြောင်းပြန်လာမည်ကို စောင့်မျှော်နေကြောင်း ယင်းအဖွဲ့ဝင်က ပြောသည်။ PCG အဖွဲ့သည် ကချင်တိုင်း ရင်းသား ၄ ဦးဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး အစိုးရနှင့် ကေအိုင်အိုတို့အကြားတွင် ငြိမ်းချမ်း ရေးတွေ့ဆုံဆွေးနွေးမှုများကြား ၀င်ညှိနှိုင်းဆောင်ရွက်နေသော အဖွဲ့ဖြစ်ပြီးထိုအဖွဲ့တွင် ဂျိတ်လန်းကုမ္ပဏီအကြီးအကဲ ဦးယွပ်ဇော်ခေါင်၊ ဦးလမိုင်ဂွန်ဂျာ၊ ဦခွန် အွမ်၊ ဦအန်ရှန်စန်အွမ်တို့ ၄ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အစိုးရ နှင့် ကေအိုင်အိုအဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့ ၃ ကြိမ်တိုင် တွေ့ဆုံနိုင်ရေး အကျိုးဆောင်ပေးခဲ့သည်။

လက်ရှိ ကချင်ပြည်နယ်တွင်းတွင် တိုက်ပွဲများမှာ အရှိန်မြင့်လာပြီး နေရပ်စွန့်ခွာထွက်ပြေးသူဦးရေမှာ ထပ်တိုးလာနေကြောင်း ပြည်နယ်တွင်း အကူအညီ ပေးရေးအဖွဲ့အစည်းများထံမှ သိရသည်။
 7Day News Journal

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။