Wednesday, April 25, 2012

အစိုးရက ဗန်းမော်မြို့နယ်လူထုရှေ့မှောက် တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် KIO ကို ကမ်းလှမ်း

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေဆဲပါ (ဓါတ်ပုံ-Google Images)
နေပြည်တော်၊ ဧပြီ - ၂၃

ငြိမ်းချမ်းရေးဆွေးနွေးနေဆဲဖြစ်သော KIO, KIA အဖွဲ့နှင့် မြစ်ကြီးနား (သို့မဟုတ်) ဗန်းမော်မြို့နယ်တွင် လူထုရှေ့မှောက်၌ ထင်သာ၊ မြင်သာ
ဖြစ်စေရန်အတွက်ဆွေးနွေးရန် KIO, KIA အဖွဲ့ကိုအဆိုပြုထားကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ
့ခေါင်းဆောင်ဦးအောင်သောင်းက ပြောသည်။

လူထုရှေ့မှောက်၌ ဆွေးနွေးမည်ဆိုသည်မှာ မျိုးနွယ်စုခေါင်းဆောင်များ၊ မြို့မိ၊ မြို့ဖများ၊ အငြိမ်းစားများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များပါဝင်မည်ဖြစ်သည်ဟု ဦးအောင်သောင်းကပြောသည်။ “ဆွေးနွေးဖို့အတွက် အစစအရာရာ တာဝန်ယူပါတယ်။ဆွေးနွေးမယ့်ရက်ကတော့ သူတို့ဘက်က ပြန်ကြားတာကိုပဲ စောင့်နေပါတယ်”ဟု ဦးအောင်သောင်းကပြောသည်။လက်ရှိ ငြိမ်းချမ်းရေးရယူလျက်ရှိသည့် အခြားသောလက်နက်ကိုင်အဖွဲ့များနှင့်
လည်း တတိယအကြိမ်၊ စတုတ္ထအကြိမ်ဆွေးနွေးမှုများ မကြာမီ ပြုလုပ်သွားမည်ဟုဆိုသည်။

အစိုးရသစ်လက်ထက်တွင် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေး နွေးလျက်ရှိရာ၌ အခြားအဖွဲ့များမှာ အပစ်အခတ်ရပ်စဲရေးကို
ဦးစွာဆွေးနွေးကာ နောက်ပိုင်းမှနိုင်ငံရေး ဆွေးနွေးခြင်းဖြစ်ပြီး KIO/KIA အဖွဲ့နှင့်မူ နိုင်ငံရေးအား ဦးစွာ ဆွေးနွေးနေရကြောင်း ဦးအောင်သောင်းက ပြောသည်။

ယခုကမ်းလှမ်းထားသည့်တွေ့ဆုံမှုဖြစ်မြောက်ပါကအစိုးရနှင့်ကေအိုင်အိုတို့ စတုတ္ထအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုဖြစ်လာမည်ဖြစ်ပြီး ပြီးခဲ့သောဆွေးနွေးမှု
သုံးကြိမ်စလုံးကို တရုတ်နိုင်ငံရွှေလီမြို့တွင်တွေ့ဆုံခဲ့သည်။
7Day News Journal

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။