Wednesday, April 25, 2012

ထိုင်းစက်မှု ဥက္ကဌ ဦးဆောင်သော စီးပွားရေး လုပ်ငန်းရှင် ရှစ်ဆယ်ကျော် ရင်းနှီးမြုပ်နှံရန် လာရောက် ဆွေးနွေးမည်

ထိုင်းနိုင်ငံ စက်မှု အသင်းချုပ် ဥက္ကဋ္ဌ Mr. Payungsak Chartsutipol
ရန်ကုန်၊ ဧပြီ ၂၄

ထိုင်းနိုင်ငံ စက်မှု အသင်းချုပ် ဥက္ကဋ္ဌ Mr. Payungsak Chartsutipol ဦးဆောင်သော စီးပွားရေး လုပ်ငန်းရှင် ရှစ်ဆယ်ကျော်သည် မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍများတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန်နှင့်
 ရင်းနှီးမြုပ်နှံရန် အတွက် လာရောက်မည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံမှ စုံစမ်းသိရှိ ရသည်။

အဆိုပါ စီးပွားရေး လုပ်ငန်းရှင် အဖွဲ့သည် ဧပြီလ ၂၅ ရက်နေ့ တစ်နာရီခွဲတွင် UMFCCI အသင်းချုပ်၌ မြန်မာ-ထိုင်း စီးပွားရေး လုပ်ငန်းများအလိုက် တွေ့ဆုံ ဆွေးနွေးရန် ရှိကြောင်း UMFCCI အသင်းချုပ်၏ သတင်း ထုတ်ပြန် ကြေငြာချက်အရ သိရသည်။

ယင်း စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့တွင် မော်တော်ယာဉ် အပိုပစ္စည်း စက်မှုလုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်ရေး စက်မှုလုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း၊ အလှကုန် လုပ်ငန်း၊ ရေနံ ဓာတုနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း၊ လယ်ယာ စိုက်ပျိုးရေး ဆိုင်ရာ စက်ပစ္စည်း၊ သကြား ထုတ်လုပ်မှု လုပ်ငန်း၊ သံ၊ စတီး စက်မှုလုပ်ငန်း၊ အိမ်ခြံမြေ လုပ်ငန်း၊ ကြွေထည် မြေလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတို့ ပါဝင်ကြောင်း ယင်းထုတ်ပြန် ကြေငြာချက်တွင် ဆက်လက် ဖော်ပြထားသည်။


The Voice Weekly

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။