Wednesday, April 25, 2012

ရန်ကုန်တိုင်းဒေသကြီးအတွင်းအလုပ်သမား အဖွဲ့အစည်း ၈ ဖွဲ့ တရားဝင်ဖွဲ့စည်းခွင့်ရရှိ

အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန မှတ်ပုံတင်အရာရှိချုပ် ဦးမျိုးအောင် က ရှင်းလင်းစဉ်
အလုပ်သမား ညွှန်ကြားမှု ဦးစီဌာနမှ ဧပြီ ၂၅ ၇က် က လှိုင်သာယာ စက်မှုဇုန်တွင်ပြုလုပ်သည့် အခမ်းအနားတွင် အလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းခွင့် ကိုတရားဝင် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လှိုင်သာယာ စက်မှုဇုန် ၊သာဓုကန် စက်မှုဇုန် နှင့် ရွှေပေါက်ကံ စက်မှုဇုန် တို့မှ အလုပ်သမားအဖွဲ့အစည်း (၇) ခုကို နိုင်ငံတော်မှ တရားဝင် အဖွဲ့အစည်းများ တိုက်ရိုက် ဖွဲ့စည်းခွင့် အသိအမှတ်ပြု လတ်မှတ်များကို ထုတ်ပေးခဲ့ ကြောင်း သိရ သည်။

 အလုပ်အသမား  အဖွဲ့အစည်းများ ဖွဲ့စည်းရန် အသင်းအဖွဲ့(၉)ခုမှ ဖွဲ့စည်းခွင့် လျှောက်ထားခဲ့ပြီး အလုပ်သမားအဖွဲ့အစည်း(၇) ခုနှင့် မြန်မာနိုင်ငံ သင်္ဘောသားများ အဖွဲ့ချုပ်တို့ကို တရားဝင် အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ပြုခဲ့ပြီး ကျန်ရှိသည့် အလုပ်သမား  အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းခွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဖွဲ့စည်း လိုက်သည့်   အလုပ်သမား အဖွဲ့အစည်း ၈ ဖွဲ့ မှာ

၁. တိုင်ရီ စက်ရုံ
၂. အိုပယ် စက်ရုံ
၃. အိုစန် စက်ရုံ
၎. ပုဝါ စက်ရုံ
၅. သာဓုကန် စက်မှုဇုန် (အထည်စက်ရုံ)
၆. ရွှေဇင်မင်း အထည်ချုပ် စက်ရုံ
၇. ရွှေပေါက်ကံ စက်မှုဇုန်မှ အထည်ချုပ်စက်ရုံ
၈. မြန်မာနိုင်ငံ သင်္ဘောသားများ အဖွဲ့ချုပ် တို့ဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။