Saturday, September 8, 2012

ဥပဒေသစ်အရ အိမ်ထောင်သည် အမျိုးသား များလည်း မီးဖွားစရိတ်နှင့် ခံစားခွင့် ရမည်


လူမှု ဖူလုံရေး ဥပဒေသစ် ၂၀၁၂ အရ အမျိုးသမီး အလုပ်သမားများ သာမက အမျိုးသား များသည်လည်း ဇနီးသည် ကိုယ်ဝန်ဆောင် မီးဖွား စရိတ် ရရှိမည်ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေး အဖွဲ့ဒုတိယ မန်နေဂျာ ဦးအေးသိန်းက ပြောသည်။
၎င်းခံစားခွင့်ကို လုပ်ငန်းခွင်တွင်၊ လုပ်သက်တစ်နှစ်ရှိကာ လူမှုဖူလုံရေး အာမခံကြေး ၆လ ဆက်တိုက်သွင်းထားသော အမျိုးသားသည် ဇနီးသည်မွေးဖွားချိန်တွင် လုပ်ခလစာ၏ ၇၀ ရာခိုင်နငန်းကို ခံစားခွင့်ရရှိမည်ဖြစ်သည်ဟု ၎င်းကပြောသည်။
ယခင်လူမှုဖူလုံရေးဥပဒေအရ အမျိုးသမီးများသာ မီးဖွားခွင့်နှင့် လစာခံစားစရိတ်များ ရရှိခဲ့သော်လည်း ယခု ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေသစ်တွင်မူ အမျိုးသားများ အတွက်ပါ ထည့်သွင်းရေးဆွဲထားကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။
၂၀၁၂ လူမှုဖူလုံရေး ဥပဒေသစ်သည် အလုပ်သမားနှ့် အလုပ်ရှင်များက အမှန်လစာအတိုင်း ဖော်ပြ၍ အာမခံကြေးများ ပေးသွင်းရမည်ဖြစ်ကြောင်း ဥပဒေသစ်တွင် မလိုက် နာသူ အလုပ်ရှင်၊ အလုပ်သမားများနှင့် သက်ဆိုင်သည် ပြစ်ဒဏ်များ ပါဝင်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။