Saturday, September 8, 2012

 လမ်းမတော် ၁ လမ်းနှင့် ကမ်းနာလမ်းထောင့်ရှိ ပုဂ္ဂလိက အိမ်သုံး ဂတ်စ်ဖြည့်သွင်းသည့်ဆိုင်၌ မီးလောင်မှုဖြစ်ပွား



DSC_0046_1

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ၁ လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ပုဂ္ဂလိက အိမ်သုံး ဂတ်စ်ဖြည့်သွင်းသည့် ဆိုင်၌ မီးလောင်ကျွမ်းမှုတစ်ခု စက်တာဘာ လ ၇ ရက်နေ့ နေ့လည် ၁ နာရီခွဲ အချိန်ခန့်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ဂတ်စ်ဖြည့်သွင်းသည့်ဆိုင် အပါအ၀င် သွပ်မိုးပျဉ်ထောင် အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကာ ဂတ်စ်အိုးအသေး ၈၅ လုံး၊ အကြီး ၈၀ လုံး စုစုပေါင်း ၁၆၅ လုံးမီးလောင်ကျွမ်းခဲ့သည်။
မီးလောင်မှုမှာ နေ့လည် ၁ နာရီခွဲ အချိန်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ပြီး နေ့လည် ၂ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ဂတ်စ်ဆိုင်မှ တဆင့်အခြားသို့ လောင်ကျွမ်းမှုမှာ အချိန်ကြာမြင့်ခြင်း မရှိသော်လည်း ဆိုင်အတွင်းသို လောင်ထားသော ဂတ်စ်အိုးများ လောင်ကျွမ်းနေခြင်းအား ငြိမ်းသတ် နေခြင်းကြောင့်သာ မီးလောင်မှု အချိန်ကြာမြင့်ခဲ့ကာ ဆိုင်ပိုင်ရှင် တစ်ဦးသာ ဒဏ်ရာအနည်းရရှိခဲ့ကြောင်း သိရသည်။
"ဘယ်လို စလောင်လဲတော့ မသိဘူး။ ပေါက်ကွဲတဲ့ အသံတော့ မကြားရဘူး။ မီးတောက်ကြီး တက်လာမှပဲ မီးလောင်မှန်း သိရတယ်"ဟု မီးလောင်မှု ဖြစ်ပွားမှုအနီးရှိ မ.ထ.သ ကားဂိတ် တာဝန်ကျ ၀န်ထမ်းတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ၁ လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ပုဂ္ဂလိက အိမ်သုံး ဂတ်စ်ဖြည့်သွင်းသည့် ဆိုင်၌ မီးလောင်ကျွမ်းမှုတစ်ခု စက်တာဘာ လ ၇ ရက်နေ့ နေ့လည် ၁ နာရီခွဲ အချိန်ခန့်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဂတ်စ်ဖြည့်သွင်းသည့်ဆိုင် အပါအ၀င် သွပ်မိုးပျဉ်ထောင် အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကာ ဂတ်စ်အိုးအသေး ၈၅ လုံး၊ အကြီး ၈၀ လုံး စုစုပေါင်း ၁၆၅ လုံးမီးလောင်ကျွမ်းခဲ့သည်။
DSC_0050
မီးလောင်မှုမှာ နေ့လည် ၁ နာရီခွဲ အချိန်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ပြီး နေ့လည် ၂ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။ ဂတ်စ်ဆိုင်မှ တဆင့်အခြားသို့ လောင်ကျွမ်းမှုမှာ အချိန်ကြာမြင့်ခြင်း မရှိသော်လည်း ဆိုင်အတွင်းသို လောင်ထားသော ဂတ်စ်အိုးများ လောင်ကျွမ်းနေခြင်းအား ငြိမ်းသတ် နေခြင်းကြောင့်သာ မီးလောင်မှု အချိန်ကြာမြင့်ခဲ့ကာ ဆိုင်ပိုင်ရှင် တစ်ဦးသာ ဒဏ်ရာအနည်းရရှိခဲ့ကြောင်း သိရသည်။
"ဘယ်လို စလောင်လဲတော့ မသိဘူး။ ပေါက်ကွဲတဲ့ အသံတော့ မကြားရဘူး။ မီးတောက်ကြီး တက်လာမှပဲ မီးလောင်မှန်း သိရတယ်"ဟု မီးလောင်မှု ဖြစ်ပွားမှုအနီးရှိ မ.ထ.သ ကားဂိတ် တာဝန်ကျ ၀န်ထမ်းတစ်ဦးက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။