တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီသည် တောင်သူလယ်သမားများ၏ အရေးကိစ္စများဆောင်ရွက် ပေးခြင်းဖြင့် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်က သိမ်းယူခဲ့သောစပါးများအတွက် ပြန်လည် ပေးဆပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်း အပြင်အခြားသော လယ်ယာလုပ်ငန်းအများဆုံးလုပ်ကိုင်သောဒေသများမှ တစ်ဧကအထွက်နူန်းလျှင် စပါး(၃)တင်းနူန်း မဖြစ်မနေပေးဆောင် ရမည်ဟု ကောက်ခံခဲ့ကြောင်း၊ ထိုသို့ ကောက်ခံရခြင်းမှာ အထက်မှအစိုးရ၏ ခိုင်းစေချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် စစ်တပ်ရိက္ခာအတွက် သိမ်းယူခဲ့သည့် အပေါ်တွင် တစညပါတီက ပြောကြားလိုက်ခြင်းဖြစ်သည်။