Monday, September 3, 2012

တရုတ်နိုင်ငံ နောင်တောင်းရှိ နာကောင်းကောင်စခန်းမှ ဒုက္ခသည်များအား ကချင်ပြည်နယ် အတွင်းသို့ မိုးရာသီကုန်မှ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့



7488
တရုတ်နိုင်ငံရှိ ကချင်ဒုက္ခသည်များ သြဂုတ်လ၂၀ ရက်နေ့က ပြောင်းရွှေ့နေသည်ကို တွေ့ရစဉ်

တရုတ်နိုင်ငံ နောင်တောင်းမြို့ အနီးတစ်ဝိုက်ရှိ ကယ်ဆယ်ရေး စခန်းများအနက် နာကောင်းကောင် (Na Kawng Kawng )စခန်းမှ ကချင်ဒုက္ခသည်များအား မိုးရာသီကုန်မှနေရပ်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
တရုတ်နိုင်ငံရှိ ကချင်ဒုက္ခသည်များအား နေရပ်သို့ ပြောင်းရွှေ့ရန် တရုတ်အာဏာပိုင်များက သြဂုတ်လ ၁၅ ရက်နေ့က ပြောကြားခဲ့ပြီး ဒုက္ခ သည်များမှာ သြဂုတ်လ ၁၈ ရက်နေ့ မှ ၃၁ ရက်နေ့အထိ စခန်းတစ်ခုချင်းစီ အလိုက် ပြောင်းရွှေ့ပေးခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောပြခဲ့သည်။
လက်ရှိအချိန်အထိ နောင်တောင်းမြို့အနီးတစ်ဝိုက်တွင် ဖွင့်လှစ်ထားသည့် ယန်လူ၊လောဝ်ဖိုင်၊ လုံဂရောက်၊ ခဒေါင်းပါ၊ ငါနောင်ပါ အပါအ၀င် လားရင်းစခန်းများမှ ကချင်ဒုက္ခသည် စုစုပေါင်း ၅၄၀၀ ကျော်သည် ကချင် ပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းများ ဖြစ်သည့် ဘွမ်စစ်ပါ၊ လနားဇွပ်၊ ပါတထောင် နှင့် မန်ဝိန်းကြီးစခန်းများသို့ပြောင်း ရွှေ့ပြီးဖြစ်ကြောင်း သိရသည်။

“လက်ရှိ တရုတ်ဘက်ကနေ ကချင်ပြည်နယ်ထဲကို ပြောင်းဖို့ အကြောင်းကြားထားတဲ့သူ အားလုံး နီးပါး ပြောင်းနေကြပြီ။ နာကောင်း ကောင်(Na Kawng Kawang) စခန်းတစ်ခုပဲကျန်ခဲ့တာပါ။ အမှန်က အဲဒီမှာရှိတဲ့ စခန်းလေးခုကလည်း မိုးရာသီကုန်မှပြောင်းဖို့ လုပ်ထားပြီး သား။ ဒါပေမဲ့ ပြောင်းခိုင်းတာပဲ။ အခုကျတော့ တရုတ်ဘက်က အလျင်အမြန် ပြောင်းခိုင်းနေတာတွေကို လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့သူတွေ၊ မီဒီယာတွေ၊ နိုင်ငံတကာကသူတွေ ကကော ၀ိုင်းပြောကြတော့သူတို့ဘက် က ခဏရပ်ထားတဲ့သဘောပါ။ ဘယ်တော့ပြန်ပြောင်းခိုင်းမလဲ ဆိုတာတော့ အတိအကျ မသိသေးပါဘူး”ဟု ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာ က ပြောပြခဲ့သည်။
ကချင်ပြည်နယ်အတွင်းသို့ ပြောင်းရွှေ့လာသည့် ဒုက္ခသည် ၅၄၀၀ ကျော် အနက် တရုတ်ပြည် လားရင်းစခန်းမှ အိမ်ထောင်စု ၂၀၀၊ လူဦးရေ ၁၀၀၀ ကျော်မှာ ယခင်၎င်းတို့နေထိုင်ရာ ရွာများသို့ သွားရောက်နေကြကြောင်း သိရသည်။
“အခုလားရင်းက ပြောင်းလာတဲ့ သူတွေကိုထားပေးတဲ့စခန်းက သူတို့ အရင်ကနေခဲ့တဲ့ ရွာနဲ့ အရမ်းဝေးတဲ့ အတွက်သူတို့မနေချင်ဘူး၊၊ ဒါကြောင့် အရင်နေခဲ့တဲ့ရွာဟောင်းကို ပြန်ကြ တယ်။ ရွာဟောင်းကို ပြန်နေတဲ့အခါ အဲဒီဒေသကို စစ်ကြောင်းပြန်ထိုးရင် သူတို့ပြန်ခံရနိုင်တယ်။ မြေမြုပ်မိုင်း အန္တရာယ်တွေရှိတယ်။ အဲဒီအခါ သူ တို့ ဘယ်ကိုပြန်ပြေးမလဲဆိုတာ မပြောတတ်ဘူး။ နောက်အဲဒီရွာဟောင်းမှာ စားစရာလုံးဝမရှိဘူး” ဟု၎င်းကပြော ကြားသည်။
လက်ရှိပြောင်းရွှေ့ရန် ရွှေ့ဆိုင်းထားသည့် နာကောင်းကောင် (Na Kawng Kawang)စခန်းတွင် လူဦးရေ ၄၀၀ ကျော်ရှိကြောင်း သိရသည်။      

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။