Tuesday, July 17, 2012

ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ
ပထမအကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး တက်ရောက်နေတဲ့ ပြည်သူ့ လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်နဲ့
တိုင်ရင်းသား လွှတ်တော် အမတ်တွေ ဇူလိုင်လ ၁၃ ရက်နေ့က နေပြည်တော်ရှိ စည်ပင်ခန်းမမှာ တွေ့ဆုံ ခဲ့ကြပါတယ်။
  ရှေ့ဆက်၍ အလုပ်
အတူ တွဲလုပ်ဖို့ အတွက် ရိုးရိုး မိတ်ဆက်တဲ့ အနေနဲ့ တွေ့ဆုံတဲ့ ဒီတွေ့ဆုံမှုမှာ တိုင်းရင်းသား ပါတီ အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်
၄၀ ကျော် တက်ရောက် ခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ညှိနှိုင်း ဆွေးနွေးတဲ့ နိုင်ငံရေး ယဉ်ကျေးမှု
အမြစ်တွယ် ပေါ်ထွန်းလာဖို့ အတွက် ဝိုင်းဝန်း ကြိုးစားကြဖို့နဲ့ ၂၀၁၅ မတိုင်ခင် ခိုင်မာတဲ့ ဒီမိုကရေစီ အုပ်မြစ်တစ်ခု ချနှိုင်ဖို့ လိုအပ်နေပြီ
ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ခဲ့ပါတယ်။ ပြည်သူ့ လွှတ်တော် အမတ် ဦးဇေယျာသော်က တိုင်းရင်းသား ညီအစ်ကို
မောင်နှမတွေ အနေနဲ့ အပြန် အလှန် ချစ်ခင် ရင်းနှီးမှုတွေ ထားရှိဖို့ တိုက်တွန်း သွားခဲ့ပါတယ်။ ဒီ တွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်က
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်နိုင်တယ်ဆိုတာ သူ့ အနေနဲ့ ယုံကြည်ကြောင်းနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အနေနဲ့
လွတ်တော်ကို တင်သွင်းမယ့် အဆိုတွေ ဥပဒေကြမ်းတွေနဲ့ ပတ်သက်လို့ လွှတ်တော်ကို မတင်သွင်းမီ တိုင်းရင်းသား ကိုယ်စားလှယ်တွေ
ပူးပေါင်းပြီး ညှိနှိုင်း တိုင်ပင် ဆွေးနွေးသွားကြဖို့ သူက တိုက်တွန်း ခဲ့ပါတယ်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။