Showing posts with label မဇ္ဈိမ သတင်းဌာန. Show all posts
Showing posts with label မဇ္ဈိမ သတင်းဌာန. Show all posts

Tuesday, November 27, 2012

ဒိန်းမတ် ကုန်သွယ်ဝန်ကြီး မြန်မာပြည် လာမည်

မဇ္ဈိမ သတင်းဌာန ။         ။ ဒိန်းမတ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး သည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိလာမည်ဖြစ်သည်။

Saturday, July 21, 2012

ထိုင်ဝမ် EVA လေကြောင်းလိုင်း ရန်ကုန်သို့ ပျံသန်းပြေးဆွဲမည်

မဇ္ဈိမ သတင်းဌာန ။       ။ ထိုင်ဝမ်နှင့် မြန်မာအကြား စီးပွါးရေး ဆက်သွယ်မှုနှင့် လာရောက်လည်ပတ်သူ ဦးရေ တိုးတက်လာသည့်အတွက် ထိုင်ဝမ်၏ ဒုတိယ အကြီးဆုံး လေကြောင်းလိုင်း EVA က အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ကာ တိုင်ပေ-ရန်ကုန် ခရီးစဉ်ကို တပတ်လျှင် ၃ ကြိမ် ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။

ကျောက်မျက်ဥပဒေ အတွက် ကချင်ပြည်နယ် အစိုးရ ဆောင်ရွက်နေ

မဇ္ဈိမ သတင်းဌာန ။         ။ ကချင်ပြည်နယ် အတွင်း ကျောက်မျက် ရတနာ ထုတ်လုပ် ရောင်းဝယ်မှုနှင့် ပတ်သက်၍
ပြည်နယ်အဆင့် ပထမ အဆင့် ဥပဒေမူကြမ်းကို အတည်ပြုလိုက်သည့်အတွက် မြစ်ကြီးနား ကျောက်မျက်ရတနာ ကုန်သွယ်ရေး အသင်း (MGTA) အနေဖြင့် ရလဒ်များအပေါ် ကျေနပ်အားရမိကြောင်း ဆိုသည်။

Thursday, July 19, 2012

ရခိုင်ပြည်နယ်သို့ တောင်ကိုရီးယား တဲများပို့

မဇ္ဈိမ သတင်းဌာန ။         ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ၇ ပတ်ကျော်က ဖြစ်ပွါးခဲ့သည့် အကြမ်းဖက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ ဒုက္ခသည်များအတွက် အကူအညီ တောင်းခံခဲ့ပြီးနောက် တောင်ကိုရီးယား နိုင်ငံက ဒုက္ခသည်များအတွက် တဲပေါင်း ၇၀၀ ကို ရခိုင်ပြည်နယ် သို့ ပေးပို့နေသည်။

Tuesday, July 17, 2012

အမေရိကန်၏ ထုတ်ဖော်ချက်များ လုံလောက်မှု မရှိသေးဟု ERI ဆို

မဇ္ဈိမ သတင်းဌာန ။         ။ အမေရိကန် ကုမ္ပဏီများ အနေဖြင့် မြန်မာ အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) တွင် ယခုအခါ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ပြီဟု အမေရိကန် အစိုးရက ကြေညာခဲ့စဉ်တွင် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဖြစ်သည့် EarthRights International (ERI) က မြန်မာ့

Thursday, June 14, 2012

စီမံကိန်းများ ချောမွေ့ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

မဇ္ဈိမ သတင်းဌာန ။         ။ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည့် အဓိက စီမံကိန်း အချို့အား
ချောမွေ့စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် သေချာအောင် ဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီး Yang Jiechi က ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံအား တိုက်တွန်းလိုက်သည်။

Wednesday, June 6, 2012

ကုလ စားနပ်ရိက္ခာယာဉ်တန်း ကချင်ပြည်နယ် ရောက်ရှိ

မဇ္ဈိမ သတင်းဌာန ။         ။ ကချင်ဒုက္ခသည်များအတွက် အစားအသောက် ထောက်ပံ့မှု လမ်းကြောင်းများအား
မြန်မာ အစိုးရက မေလ မှ စတင်ပိတ်ဆို့ ဖြတ်တောက်လိုက်ပြီးနောက်ပိုင်းတွင် ကချင် ရိုမန်ကက်သလစ် ဘုရားကျောင်းတွင်း နေထိုင်ကြသည့် လူ ၂ဝဝ အတွက် တလစာ အစားအစာ အလုံအလောက် သယ်ဆောင်လာ
သည့် ကုလသမဂ္ဂ ယာဉ်တန်းတခု လွယ်ဂျယ်မြို့သို့ ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

Tuesday, May 29, 2012

အိန္ဒိယနှင့် မြန်မာ ကဏ္ဍမျိုးစုံ ပါဝင်သည့် စီးပွားရေး စာချုပ်များ လက်မှတ်ထိုး

အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း နှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီမှု စာချုပ်များချုပ်ဆို။ Photo: President's office


မဇ္ဈိမ သတင်းဌာန ။            ။ မြန်မာနိုင်ငံ နှင့် အိန္ဒိယ နိုင်ငံတို့သည် ကဏ္ဍမျိုးစုံ ပါဝင်သည့် နှစ်နိုင်ငံ သဘောတူ စာချုပ်များ တနလာင်္နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးနှင့် ပူးပေါင်း
ဆောင်ရွက်မှုများကို တိုးမြှင့်ကြမည် ဖြစ်သည်။