မဇ္ဈိမ သတင်းဌာန ။ ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
(UNHCR) က ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ၇ ပတ်ကျော်က ဖြစ်ပွါးခဲ့သည့်
အကြမ်းဖက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ ဒုက္ခသည်များအတွက်
အကူအညီ တောင်းခံခဲ့ပြီးနောက် တောင်ကိုရီးယား နိုင်ငံက ဒုက္ခသည်များအတွက်
တဲပေါင်း ၇၀၀ ကို ရခိုင်ပြည်နယ် သို့ ပေးပို့နေသည်။
ထိုတဲများတွင် ဒုက္ခသည် ၃,၀၀၀ ခန့် ယာယီခိုလှုံနိုင်မည် ဖြစ်သည်ဟု ကိုရီးယား အရာရှိများက ဆိုကြသည်။
ရခိုင်ပြည်နယ်တွင် မူဆလင်ရိုဟင်ဂျာများနှင့် ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားများ အကြား ဖြစ်ပွါးခဲ့သည့် ပဋိပက္ခ များကြောင့် အနည်းဆုံး လူပေါင်း ၅၂,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း မြန်မာအစိုးရက ထုတ်ပြန်သည့် ကိန်းဂဏန်းများ အရ သိရသည်။
ထိုပဋိပက္ခများကြောင့် လူ ၇၉ ဦးအထိ သေဆုံးခဲ့ရသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။