မြန်မာနိုင်ငံတွင်
နှစ်(၂၀)ကျော်ကာလတွင်း ကျပ်သန်းလေးသောင်းကျော်
အရင်းအနှီးပြုကာလုပ်ကိုင်လိုသောပုဂ္ဂလိကအာမခံကုမ္ပဏီ (၂၀)အား သြဂုတ်လအတွင်း
ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာ့ အာမခံလုပ်ငန်းက သိရှိရသည်။
မြန်မာနိုင်ငံတွင်
ပုဂ္ဂလိကအာမခံလုပ်ငန်းများလုပ်ကိုင်ခြင်းအား ၁၉၉၀ ခုနှစ်မှစ၍
ပိတ်ထားခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတော်အစိုးရမှ
မြန်မာ့အာမခံလုပ်ငန်းကိုသာ အားကိုးခဲ့ရာမှ ယခုနှစ်မှစ၍ ပုဂ္ဂလိက
အာမခံကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
“ကုမ္မဏီ(၂၀)
ကျော်က အာမခံလုပ်ငန်းတွေလုပ်ဖို့ လျှောက်ထားပါတယ်။ ဘယ်ကုမ္ပဏီတွေလဲတော့
အတိအကျ မသိရသေးပါဘူး။ အာမခံကြီးကြပ်ရေးဌာနက သေချာစီစစ်ပြီးမှ ဘဏ္ဍာရေးနဲ့
အခွန်ဝန်ကြီးဌာနကိုတင်ပြရမှာပါ။ သြဂုတ်လမှာတင်ပြပြီး ခွင့်ပြုသွားမှာ” ဟု
မြန်မာ့အာမခံ လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးစိန်မင်းက ပြောသည်။
ပုဂ္ဂလိက
အာမခံလုပ်ငန်း လုပ်ကိုင်ရာတွင် အထွေထွေအာမခံတွင် ပါဝင်သည့် မီး၊
မော်တော်ကား၊ ငွေပို့၊ ငွေသယ်၊ ငွေသားလုံခြုံမှု၊
သမာဓိအာမခံလုပ်ငန်းများအတွက် ငွေကျပ်သန်း(၄ သောင်း)နှင့်
အသက်အာမခံလုပ်ငန်းများအတွက် ငွေကျပ် သန်း( ၆ထောင်) ပေးဆောင်ရမည်ဖြစ်ပြီး
အာမခံ လုပ်ငန်း နှစ်မျိုးစလုံးလုပ်ကိုင်လိုသူများအနေဖြင့် စုစုပေါင်း
ကျပ်သန်း(၄သောင်း ၆ထောင်) ပေးသွင်း ရမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
“အာမခံလုပ်ငန်းတွေက
အကြောင်းတစ်ခုခု ပြဿနာပေါ်လာတယ်ဆိုရင် ဖြေရှင်းပေးလို့ရအောင် ပေးသွင်းတဲ့
ပမာဏထဲကနေနှုတ် ယူထားပါတယ်။
အဲဒါကအပ်တဲ့သူရောလုပ်ကိုင်တဲ့သူအတွက်ရောအဆင်ပြေအောင် ဆောင်ရွက်ထားတာပါ။
ဒီမှာက ၁၉၉၀ခုနှစ် ကတည်းက မြန်မာ့ အာမခံ လုပ်ငန်း တစ်ခုတည်းရှိခဲ့တယ်။
အာမခံလုပ်ငန်းတွေတွင်ကျယ်လာဖို့ လိုပါတယ်” မြန်မာ့အာမခံလုပ်ငန်း၊
အထွေထွေမန်နေဂျာ ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
အာမခံလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်
စတင်လုပ်ကိုင်စဉ်တွင် ပေးသွင်းထားသော ငွေသားများ ထဲက ၆၀% ဖြင့်သာ
အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ကျန် ၄၀% အား မြန်မာ့အာမခံ
လုပ်ငန်း၌ အာမခံအနေဖြင့် ထားရှိရမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
အာမခံလုပ်ငန်းလုပ်ကိုင်လိုသူများအနေဖြင့်
အာမခံအမျိုးအစား(၂)မျိုးအနက်မှ (၂)မျိုးစလုံးသော် လည်းကောင်း
(၁)မျိုးတည်းလုပ်ကိုင်လိုသူများအနေဖြင့်လည်း မိမိတို့နှစ်သက်သလို
လုပ်ကိုင်ခွင့်ရှိ ကြောင်းသိရှိရသည်။
ပုဂ္ဂလိကအာမခံလုပ်ငန်းလုပ်ကိုင်ရန်
ခေါ်ယူခြင်းကို ၂၀၁၂ခုနှစ် ဧပြီလ (၂၆)ရက်နေ့ နိုင်ငံပိုင် သတင်း စာများတွင်
ဖော်ပြခဲ့ပြီး အာမခံလုပ်ကိုင်လိုသူများအား မေလ (၂)ရက်နေ့တွင် လျှောက်လွှာ
တစ်စောင် လျှင် (၁၅၀၀၀) ကျပ်ဖြင့် စတင်ရောင်းချကာ မေလ (၂၉)ရက်နေ့တွင်
လျှောက်လွှာပိတ်ခဲ့၍ လျှောက် လွှာ(၁၈၀) ကျော် ရောင်းချခဲ့ရသော်လည်း
လျှောက်ထားသူ (ကုမ္ပဏီ) ၂၀ သာ ရှိကြောင်း သိရသည်။
မြန်မာအာမခံလုပ်ငန်းအနေဖြင့်
ပုဂ္ဂလိက အာမခံလုပ်ငန်းလုပ်ကိုင်လိုသူများအတွက် လျောက်လွှာများကိုလည်း
ဆက်လက်ရောင်း ချပေးနေကြောင်း သိရှိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။