ပြီးခဲ့သည့်
ဇွန်လမှ စတင်ကာ ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် မြန်မာအစိုးရတပ်ကြား
စစ်ပွဲများ ယခုထိ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ဘေးတိမ်းရှောင်နေသူ
ဒေသခံများလည်း တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာခြင်း ဖြစ်သည်။
ကချင်ဒေသတွင်
ကေအိုင်အို လက်အောက်ခံရှိ ဒုက္ခသည်စခန်းနှင့်
မြန်မာအစိုးရပိုင်ဒုက္ခသည်စခန်း ဆို၍ ဒုက္ခသည်စခန်း
နှစ်မျိုးတည်ရှိကာစစ်ဘေးမှထွက်ပြေးလာသူဒုက္ခသည်များအား ခိုလှုံနားခိုရာနေရာလည်း ဖြစ်သည်။ ထိုဒုက္ခသည်စခန်းများတွင် အမျိုးသမီးနှင့် ကလေးငယ်များသည် အမျိုးသားဦးရေထက် (၅၇) % ပိုများနေသည်ကို မြင်တွေ့နေရသည်။
တစ်နှစ်ခွဲအကြာ
စစ်ဘေးသင့်နေသောအချိန်တွင် အမျိုးသမီးများသည် စားဝတ်နေရေး၊ ကျန်းမာရေး၊
နေထိုင်ရေးစသည့် အခက်အခဲများသာမက အမျိုးသမီးများ၏ လစဉ်ဓမ္မာတာ
ပြသာနာများကိုလည်း ရင်ဆိုင်ကြုံတွေ့ နေရကြောင်းသိရသည်။
“စားဖို့တောင်နေ့စဉ်
ဆန်နဲ့ဆားပဲအဓိကထောက်ပံ့နိုင်တာအဲတော့စားဖို့တောင်အလျင်မီအောင်မလုပ်နိုင်တဲ့အခြေနေမျိုးမှာ
အမျိုးသမီးတွေက လစဉ်ဖြစ်ပျက်နေတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေလည်း
အများကြီးအခက်ခဲဖြစ်နေတာပေါ့။” ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ
ဒေါ်မေစံပယ်ဖြူက ပြောသည်။
ဒုက္ခသည်
စခန်းအသီးသီးရှိ တာဝန်ခံသူများအနေနဲ့လည်း ယင်းအမျိုးသမီးများ၏
အခက်အခဲများကို သိနေ သော်လည်း ကိုင်သွယ်ဖြေရှင်းနိုင်ရန် အနေအထား မရှိပေ။
“ကျမ
အများရှေ့မှာမပြောချင်ပေမယ့် အမျိုးသမီးတွေဖြစ်တဲ့ အဖြူဆင်းတာတို့
သားအိမ်နဲ့ပတ်သက်တဲ့ ပြဿနာတွေ အများကြီးရှိပါတယ်။” ဟု ၎င်းက ဆက်ဆိုသည်။
ကျန်းမာရေးဌာနမှလည်း
ခေါင်းကိုက်၊ ကိုယ်ပူ၊ ခေါင်းမူးခြင်းများကိုသာ ကုသပေးနိုင်ပြီး
အမျိုးသမီး အဖြူဆင်း ခြင်း၊ သားအိမ်အနာဖြစ်ခြင်းစသည့် ရောဂါများကို
ကုသရန်များစွာ အခက်ခဲရှိနေပြီး အဆိုပါ ရောဂါများသည် မြို့နေ
အမျိုးသမီးများသည် ဆေးရုံ၊ ဆေးခန်းများ၌ သေချာစစ်ဆေးချက်များအရ ဆေးကုသရသော
ရောဂါများ ဖြစ်သည်။
ဒုက္ခသည်
စခန်းများတွင် ရေမသန့်ရှင်းမှုခြင်းအတွက်
အမျိုးသမီးရောဂါများဖြစ်လာနိုင်ကြောင်း အမျိုးသမီး လုံခြုံရေးအတွက်လည်း
များစွာ လိုအပ်နေသဖြင့် ကချင် အမျိုးသမီးများ ငြိမ်းချမ်းရေးကွန်ယက်မှ
အမျိုးသမီး များအား ကူညီနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ရန်
ကြိုးစားနေသည်ဟု သိရသည်။
ကျေးရွာနေကချင်အမျိုးသမီးဒုက္ခသည်များသည်
အရှက်အကြောက်ကြီးသော်လည်း ရှစ်ပေပတ်လည်အခန်းကျဉ်းလေး ထဲတွင် ယောက္ခမ၊
ခဲအို၊ မတ်၊ အခြား မောင်နှမ ဝမ်းကွဲ အစ်ကို၊ အစ်မများနှင့် နေထိုင် နေရသည်။
“မိန်းကလေးတွေဟာ
မရည်ရွယ်ပဲဖြစ်တာလား။ တကယ်ဖြစ်တာလား ဆိုတဲ့ပြဿနာတွေ
ခြင်ထောင်မှားဝင်တာတို့ အခန်းမှားဝင်တာတို့ လူမှုရေးပြသာနာတွေလဲ
ရင်ဆိုင်နေရတယ်။ ပြီးတော့လင်မယားတွေ စုံတွဲမှားတာတွေလဲရှိတယ်။” ဟု
ဒေါ်မေစံပယ်ဖြူက ဆိုသည်။
အမျိုးသမီးများသည်
လိင်ပိုင်းဆိုင်ရာ စော်ကားမှု အကြမ်းဖက်မှုခံနေရသော်လည်း ပြဿနာတစ်ခုအဖြစ်
မဖြေရှင်းနိုင်ကာ ကြိတ်မှိတ်ခံစား ရင်ဆိုင်နေရသည့်
အမျိုးသမီးများစွာရှိနေကြောင်း သိရှိရသည်။
ပါတထောင့်
ဒုက္ခသည်စခန်းတွင်းရှိ
အမျိုးသမီးတစ်ဦးမှာလည်းသားအိမ်ခေါင်းကင်ဆာရောဂါခံစားနေရပြီ ဖြစ်ကြောင်း
ဒေါက်တာအောင်ငြိမ်းချမ်းက ပြောသည်။
“အမျိုးသမီး ဆီးလမ်းကြောင်းပိုးဝင်တဲ့ ရောဂါတွေတွေ့တယ်။ အမျိုးသမီးများ ဆီးပူ ဆီးအောင့်ရောဂါတွေ ရှိတယ်။ကျွန်တော်ထူးထူးခြားခြားတစ်ယောက်တွေ့ခဲ့တယ်။သားအိမ်ကျတဲ့တစ်ယောက်ဆေးရုံပို့လိုက်ရတယ်။ ” ဟု ဒေါက်တာကျော်ဇေယျက ပြောသည်။
ဒုက္ခသည်စခန်းများတွင်
ကေအိုင်အို၊ NGO အသီးသီး အဖွဲ့မှ စားဝတ်နေရေး၊ ဆေးဝါးကုသရေးတွင် အလျင်မှီ
အောင် မလုပ်ပေးနိုင်သည့် အခြေအနေမျိုးတွင် အမျိုးသမီးပြဿနာများ၊
လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင် ရန်
အခက်အခဲများရှိနေသေးကြောင်းကိုလည်း သိရှိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။