Thursday, May 3, 2012

မေလ ၂ ရက်နေ့ နေ့လည် ၁၁ နာရီခွဲမှစ၍ မှော်ဘီမြို့နယ် ပြည်လမ်းပေါ်ရှိ MGS(Myanmar Golden Star)အဆိုပါဆန္ဒပြမှု

မေလ ၂ ရက်နေ့ နေ့လည် ၁၁ နာရီခွဲမှစ၍ မှော်ဘီမြို့နယ် ပြည်လမ်းပေါ်ရှိ MGS(Myanmar Golden Star) Company Limited စက်ရုံရှိ ၀န်ထမ်း ၄၀၀ ကျော်မှ ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့သည်။
အဆိုပါဆန္ဒပြမှုမှာ စက်ရုံဝန်ထမ်းများမှာ ၎င်းတို့ကို လစာငွေအပြင် ငွေကျပ် ၃၀၀၀၀ တိုးပေးရန် ကုမ္ပဏီထံ တောင်းခံခဲ့ရာ ကုမ္ပဏီမှ အပြည့်အ၀ လိုက်လျောမှုမရှိခဲ့သောကြောင့် ယနေ့ည(မေလ ၂ ရက်နေ့) ၇ နာရီအချိန်အထိ ဆန္ဒပြမှုများပြုလုပ်ခဲ့သည်။ ဆန္ဒပြပွဲသို့ လူမှုဖူလုံရေးနှင့် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတို့မှ လာရောက်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း စက်ရုံဝန်ထမ်းများအနေဖြင့် လက်ခံသဘောတူညီမှု မရရှိသောကြောင့် မေလ ၃ ရက်နေ့ နံနက်ပိုင်းမှစ၍ ဆန္ဒပြမှုများ ထပ်မံပြုလုပ်မည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။