ဓည၀တီ ရေတပ်စခန်းမှ ပြည်သူများပိုင်သော မြေကို
သိမ်းယူသည်သာမက ယခုအခါ ၎င်းမြေပေါ်သို့ တက်ရောက်သူ မည်သူကို မဆို
(ကျွဲ၊နွားများ ) အပါအ၀င် ပစ်ခတ် ဖမ်းဆီးမည်ဟု အမိန့်ထုတ်ထားကြောင်း
ကျောက်ဖြူ ဒေသခံများက ပြောသည်။
ဧက ၁၀၀ ခန့်ရှိသော ကျောက်ဖြူမြို့နယ်
ကလန်းတဲ ကျေးရွာအုပ်စုမှ လယ်သမားများ စုပေါင်း ပိုင်ဆိုင်သော
စားကျက်မြေကို သိမ်းယူပြီး ၁၀ နှစ်ခန့်အကြာတွင် ယခုကဲ့သို့
အမိန့်ထုတ်လာခြင်း ဖြစ်သည်။