Showing posts with label မဇ္ဈိမ. Show all posts
Showing posts with label မဇ္ဈိမ. Show all posts

Friday, August 3, 2012

ဝ' တပ်ဖွဲ့နှင့် ရှမ်းတပ်ဖွဲ့ နှစ်ဖက် စစ်ရေးတင်းမာမှုကို ဖြေရှင်း

မဇ္ဈိမသတင်းဌာန ။        ။ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ရှမ်းပြည်တပ်မတော် (SSA) တို့ အကြား နားလည်မှု လွဲမှားခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Fang ခရိုင်နှင့် မျက်နှာချင်းဆိုင် ဘက်ခြမ်းရှိ ရှမ်းပြည်နယ်တွင် ဖြစ်ပွါးခဲ့ရသည့် တင်းမာမှုများသည် ယခုအခါ ပြေလည်သွားပြီ ဖြစ်ကြောင်း နှစ်ဘက်အရာရှိများက
ပြောသည်။

Thursday, May 3, 2012

မြန်မာပြည်ရောက် တရုတ်များလုံခြုံရေး တရုတ်အစိုးရ သတိပေး

နယူးဒေလီ (မဇ္ဈိမ) ။         ။ မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသော တရုတ်စီးပွားရေး
ကုမ္ပဏီများနှင့် တရုတ်နိုင်ငံသားများအနေဖြင့် လုံခြုံရေး ကြိုတင်ကာကွယ်မှုများ
 ပြုလုပ်ကြရန် တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနမှဆော်သြလိုက်သည်။

ဒေသဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသားပါတီများနှင့် NLD ဆွေးနွေးလို

ချင်းမိုင် (မဇ္ဈိမ) ။        ။ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနှင့် တိုင်းရင်းသားပါတီများ ဆွေးနွေးလုပ်ဆောင်သွားရန် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဟူးနေ့တွင် ပြောဆို ခဲ့သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

အနာဂတ်မဲ့နေသူများရဲ့ ဆန္ဒထုတ်ဖော်ပွဲ

စိမ်းမြနေတဲ့ သစ်ပင်ကြီးတွေ၊ ကညင်ပင်တွေကြားက နီရဲလှပနေတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို လွမ်းစရာ ရှုခင်းပန်းချီကားတချပ်လို ဆွေးစရာကောင်းနေပါတယ်။

တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ပြေးဒုက္ခသည် စခန်းများတွင် သောက်သုံးရေ၊ ဆေးဝါးနှင့် ဆန်ဂိုဒေါင်များ အရေးပေါ် လိုအပ်နေ

နယူးဒေလီ (မဇ္ဈိမ) ။        ။ တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ပြေးဒုက္ခသည် စခန်းများတွင် သောက်သုံးရေ၊ ဆေးဝါးနှင့် ဆန်ဂိုဒေါင်များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

အဆင့်မီ ကားဝပ်ရှော့များနှင့် အပိုပစ္စည်းဈေးကွက် လိုအပ်ချက်ကြီးမား

ရန်ကုန် (မဇ္ဈိမ) ။        ။ ကားဟောင်းလဲလှယ်ရေး အစီအစဉ်နှင့် သင်္ဘောသားများနှင့် နိုင်ငံရပ်ခြား အလုပ်သမားများ အတွက် ကားသစ်တင်သွင်းခွင့် အစီအစဉ်များကြောင့် တင်သွင်းလာသော ကားသစ်များကို ပြုပြင် ထိန်းသိမ်းမှုများ
ပြုလုပ်ရန် အဆင့်မီ ကားဝပ်ရှော့များ၊ ကားပြင်ကျွမ်းကျင်သူများနှင့် ကားအပိုပစ္စည်း ဈေးကွက် အလွန်အမင်း လိုအပ်ချက်ရှိနေကြောင်း ကားသစ်တင်သွင်းသူများနှင့် ကားဝပ်ရှော့ ပိုင်ရှင်များက ဆိုသည်။

သတင်းသမား အခြေခံ အခွင့်အရေး ကာကွယ်ရန် MJN ဆွေးနွေး

ချင်းမိုင်(မဇ္ဈိမ) ။        ။ ရန်ကုန်ရှိ လူငယ်သတင်းစာဆရာ အများစုဖြင့် ဖွဲ့စည်းထားသည့် Myanmar Journalists’ Network (Yangon) က သတင်းသမားများ၏ အခြေခံ အခွင့်အရေးများအား ကာကွယ်ရန် နည်းလမ်းများနှင့် ပတ်သက်၍ ဗုဒ္ဓဟူးနေ့တွင် ဆွေးနွေးခဲ့ကြကြောင်း 7 day ဂျာနယ်မှ သတင်းထောက် ကိုအောင်သူရ က ပြောသည်။

Tuesday, May 1, 2012

ဦးအောင်သောင်း ငြိမ်းချမ်းရေး အဖွဲ့သစ်မှာ မပါဝင်တော့ကြောင်း ပြော

AungHdown
ချင်းမိုင်(မဇ္ဈိမ) ။        ။ အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ် ပြန်လည် ဖွဲ့စည်းရာတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ၁ ဦးအောင်သောင်း ပါဝင်တော့မည် မဟုတ်ကြောင်း ကာယကံရှင်က တနလာင်္နေ့ တွင် ပြောကြားလိုက်သည်။

ဆထုံး သတ်ဖြတ်မှု စွပ်စွဲချက် KIO ငြင်းဆို

နယူးဒေလီ (မဇ္ဈိမ) ။        ။ ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးမြို့နယ်ခွဲ အထွေထွေ အုပ်ချုပ်ရေးမှုး အပါအဝင် ဝန်ထမ်းလေးဦး သတ်ဖြတ်မှုမှာ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငြင်းဆိုလိုက်ပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စုံစမ်းလျက်ရှိကြောင်း ပြောသည်။

Sunday, April 29, 2012

မွန် ငြိမ်းအဖွဲ့ခေါင်းဆောင် အိမ်ပိုင်ဆိုင်မှု တရားရင်ဆိုင်

စံခလပူရီ (မဇ္ဈိမ) ။       ။ မော်လမြိုင်မြို့ပေါ်ရှိ မွန်ငြိမ်းချမ်းရေးအဖွဲ့ (မြိတ်ဒေသ) ခေါင်းဆောင် နိုင်စိုက်ချမ်း၏
နေအိမ်ကို အိမ်ပိုင်ဆိုင်မှု ပြဿနာဖြင့် ဗုဒ္ဓဟူးနေ့က အာဏာပိုင်နှင့် ရဲများက လာရောက် ဝိုင်းရံပြီး ချိတ်ပိတ်ရန် ကြိုးစားခဲ့ကြောင်း နိုင်စိုက်ချမ်း က ပြောသည်။

သတင်းရေးသူကို The Voice ဖော်ထုတ်ပေးမည် မဟုတ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ သတ္တုတွင်း ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနအချို့၌ ငွေကြေး အလွဲသုံးစား ပြုမှုများ ရှိနေသည်ဟု The Voice ဂျာနယ်ပါ သတင်း ရေးသားသူကို ဖေါ်ထုတ်ပေးရန် သတ္တုတွင်းဝန်ကြီးဌာနက သောကြာနေ့ တရားရုံးချိန်းတွင် ထပ်မံ လျှောက်ထားသော်လည်း ဂျာနယ် အယ်ဒီတာချုပ်က ဦးကျော်မင်းဆွေက ဖေါ်ထုတ်မည် မဟုတ်ကြောင်း ပြောသည်။

Saturday, April 28, 2012

ထားဝယ် စီမံကိန်းမှ အီတာလျန်-ထိုင်းကုမ္ပဏီ ရပ်ဆိုင်းတော့မည်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ငွေကြေး ရင်းနှီးမြှုပ်နှံမှုများအား ၂၀၁၂ ခုနှစ်ကုန် တွင် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း Italian-Thai Development Pcl က ပြောသည်။

ကတိသစ္စာပြုချက်ကိစ္စ သူရဦးရွှေမန်းသို့ ၁၆ ပါတီ မေတ္တာရပ်ခံ

ကတိသစ္စာပြုချက်ကိစ္စ သူရဦးရွှေမန်းသို့ ၁၆ ပါတီ မေတ္တာရပ်ခံ

shwemann
ချင်းမိုင် (မဇ္ဈိမ) ။      ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အကြံပြုထားသည့် ကျမ်းကျိန်ကတိသစ္စာပြုချက် စကားလုံး ပြုပြင်ရေးအတွက် ကြံ့ခိုင်ရေးပါတီမှ ဦးဆောင် ဖြေရှင်းပေးရန် နိုင်ငံရေးပါတီ ၁၆ ခု ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များမှ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယဥက္ကဋ္ဌ သူရ ဦးရွှေမန်းထံ ဗုဒ္ဓဟူးနေ့တွင် မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

မေဒေးနေ့တွင် သံလျင်အလုပ်သမားများ ဦးမောင်ကို ဂုဏ်ပြုမည်

မေဒေးနေ့တွင် သံလျင်အလုပ်သမားများ ဦးမောင်ကို ဂုဏ်ပြုမည်


ချင်းမိုင် (မဇ္ဈိမ) ။       ။ မေလ ၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်တိုင်း သံလျင်မြို့တွင် အလုပ်သမားများက အခမ်းအနားတရပ်ကျင်းပကာ ၁၉၈၈ ခုနှစ် အလုပ်သမား
ခေါင်းဆောင်တဦးဖြစ်သည့် ဦးမောင်ကို အား ဂုဏ်ပြုခြင်းတရပ် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ အလုပ်သမားများအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များ၊ သံတမန်များအားလည်း ဖိတ်ကြားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီမှ မစုစုနွေး က မဇ္ဈိမကို ပြောသည်။

ဒဂုန်မြို့သစ်မှာ မြေမသိမ်းတော့ဟု တိုင်းဝန်ကြီးချုပ် ဆို

ဒဂုန်မြို့သစ်မှာ မြေမသိမ်းတော့ဟု တိုင်းဝန်ကြီးချုပ် ဆို


ရန်ကုန် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် မြေကွက်များကို သိမ်းတော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ က ပြောသည်။

ဧပြီလ ၂၅ ရက်နေ့ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူး အစည်းအဝေးအပြီးတွင် သတင်းမီဒီယာ များအား ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့က သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးမှုး ဦးစီးမှူး အဆင့်ရှိတဲ့ အရာရှိတွေကို အဲဒီမှာ စာရင်းပြုစုစေ ပါတယ်။ စနစ်တကျ ဖြစ်အောင်တော့ လုပ်ပါမယ်။ ဒါပေမယ့် ဝန်ထမ်းတွေ မြေကွက်ပဲ ဖြစ်ဖြစ်၊ အိမ်ဆောက် ထားတာပဲဖြစ်ဖြစ် မသိမ်းတော့ပါဘူး။ ဒါကလည်း အစက အိုးအိမ်က လုပ်လိုက်တဲ့အတွက် ရှုတ်သွားတာပါ”ဟု ဦးမြင့်ဆွေ က ပြောသည်။
dagon
မြေသိမ်းခံရခြင်းနှင့် စပ်လျဉ်း၍ ဒဂုန်မြို့သစ် အရှေ့ပိုင်းသို့ လေ့လာရေး သွားရောက်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့အား မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

Thursday, April 26, 2012

ဖားကန့် NLD ဥရုချောင်းနှင့် ရွေးကောက်ပွဲအရေး ဆွေးနွေး

ချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်များ၏ လပါတ် အစည်းအဝေးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် ဥရုချောင်း ဆယ်ယူရေးကိစ္စများ ဗုဒ္ဓဟူးနေ့က ဆွေးနွေးခဲ့ကြသည် ဟု သိရသည်။

ရွှေနံ့သာ လယ်ကန်သင်းများအား ဇေကမ္ဘာကုမ္ပဏီက ဖြိုချနေ

ချင်းမိုင် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာရွာမှ လယ်သမားတို့၏ လယ်ကန်သင်းရိုးများကို
ဇေကမ္ဘာ ကုမ္ပဏီမှ မြေတူးစက်များဖြင့် ရှင်းလင်းပစ်ကာ စပါးစိုက်ရာသီတွင် လယ်သမားတို့ စပါးစိုက်မနိုင်ရန် လုပ်ဆောင်နေ သည်ဟု လယ်သမားများကို ကူညီပေးနေသူ ဦးနေမျိုးဝေက ပြောသည်။

Wednesday, April 25, 2012

တရုတ်ထံ ရောင်းပြီး လျှပ်စစ် ပြန်ဝယ်မည်ဟု ရန်ကုန် လျှပ်စစ်ဝန်ကြီးဆို

ရန်ကုန် (မဇ္ဈိမ) ။      ။ ရန်ကုန်တိုင်းတွင်း လျှပ်စစ်မီး ပြည့်ဝစွာ ရရှိစေရေးအတွက် ယခင်က တရုတ်နိုင်ငံသို့ ရောင်းချ ထားသော လျှပ်စစ်ဓါတ်အားများထဲမှ မဂ္ဂါဝပ် ၁၀၀ ကို ပြန်ဝယ်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက လွှတ်တော်ကိုယ်စားလှယ်များကို ဖြေကြားလိုက်သည်။

ဗုဒ္ဓဟူးနေ့က ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး၊ ဒုတိယနေ့တွင် တက်ရောက်လာကြသော ကိုယ်စားလှယ်များ၏ မေးခွန်းများအပေါ် ဝန်ကြီးက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း
ဖြစ်သည်။

NLD အမတ် ဒေါက်တာမြတ်ဉာဏစိုး လွှတ်တော်တက်

NLD အမတ် ဒေါက်တာမြတ်ဉာဏစိုး လွှတ်တော်တက်



ချင်းမိုင် (မဇ္ဈိမ) ။       ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရအမတ်များ လွှတ်တော် တက်ရောက်ရေး မသေချာသေးသော်လည်း NLD ပါတီသို့ ကူးပြောင်းဝင်ရောက်ထားသည့် အထက်လွှတ်တော်အမတ်
 ဒေါက်တာမြတ်ဉာဏစိုးမှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် လွှတ်တော်တက်ရောက်နေသည်ဟု မဇ္ဈိမကို ပြောသည်။

“ကျနော်က ပါတီဥက္ကဋ္ဌ အန်တီ့ဆီကို တရားဝင် တင်ပြပြီးတော့ ဗဟိုအလုပ်အမှုဆောင် ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ လွှတ်တော် တက်ရောက်နေတာ ဖြစ်ပါတယ်။ ကျနော်ကတော့ ကတိသစ္စာ ပြုပြီး ဖြစ်ပါတယ်။ ဒီအထဲမှာ လွှတ်တော် ကိုယ်စားလှယ် တဦးအနေနဲ့ ရှိနေပြီးပြီ။ အဲဒီအခါကျတော့ ပါတီကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် တယောက် ရှိဖို့ လိုတယ်။ ဒီအတွက်ကြောင့် လွှတ်တော်တက်ပါဆိုလို့ ကျနော် လွှတ်တော် တက်နေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဒေါက်တာ မြတ်ဉာဏစိုးသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီအား ကိုယ်စားပြု၍ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၄ မှ အနိုင်ရခဲ့သည်။ ယင်းနောက် ၂ဝ၁၁ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် NDF မှ နုတ်ထွက်၍ NLD သို့ ပါတီဝင်အဖြစ် လျှောက်ထားခဲ့ပြီးနောက် NLD ၏ ပထမဆုံး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသူဖြစ်သည်။
myatnyanasoe
NLD ပါတီသို့ ကူးပြောင်းဝင်ရောက်ထားသည့် အထက်လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးမှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် လွှတ်တော်တက်ရောက် (ဓါတ်ပုံ မဇ္ဈိမ)

Tuesday, April 24, 2012

ပျူ သုံးမြို့ UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ကြိုးစားနေ

ပျူ သုံးမြို့ UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ကြိုးစားနေ
pattano
နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပျူမြို့ဟောင်း သုံးမြို့အား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ပေးရန် စက်တင်ဘာတွင် အဆိုတင်သွင်းမည် ဖြစ်ကြောင်း သိရသည်။