
အိန္ဒိယ-မြန်မာနယ်စပ် မိုးရေး-အင်ဖား ကားလမ်း တနေရာ
လူဝင်မှုကြီးကြပ်ရေးအတွက် ရုံးကို မိုးရေးမြို့ ကုန်သွယ်ရေး ဌာနတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး မိုးရေးမြို့ ဂိတ်အမှတ် ၂ ကုန်စုံဈေးအနီး ပူးပေါင်း စစ်ဆေးရေးဂိတ် တခု မကြာမီ ဆောက်လုပ်ပြီးစီးမည် ဖြစ်သည်။
နယ်စပ် ဈေးများအဖြစ် အိန္ဒိယဘက် ချန်ဒယ်ခရိုင်နှင့် ချူရာချန်ပူ ခရိုင်တို့တွင် ဖွင့်လှစ်ရန် အကြမ်းမျဉ်း သဘော
တူညီထားကြောင်း သိရသည်။
မဏိပူရ ပြည်နယ်၊ မိုးရေးမြို့မှ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့အထိ ၉၉ မိုင်ရှည်သည့် တမူး-မိုးရေး ကားလမ်းကို အိန္ဒိယ အစိုးရက ဖောက်လုပ်ပေးခဲ့ပြီး ၂ဝဝ၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကာ နှစ်နိုင်ငံ အချက်အချာ ကုန်သွယ်ရေး လမ်းကြောင်း
ဖြစ်လာခဲ့သည်။
တရားဝင် နှစ်နိုင်ငံ ကုန်သွယ်ခွင့်ပြုပစ္စည်း ၆၂ မျိုးရှိရာ ၎င်းစာရင်းတွင် မြန်မာနိုင်ငံမှ ကျွန်းသစ်အား ထည့်သွင်းနိုင်
ရေး မဏိပူရ ပြည်နယ်အစိုးရမှ လုပ်ဆောင်နေကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။