
မြစ်ကြီးနားမြို့တွင်း ရေ၀င်ရောက်နေသည်ကို ဇွန်လ ၂၅ ရက်နေ့က မြင်တွေ့ရစဉ် (Photo: Dr Kyaw Zaya/ Eleven Media Group)

မြစ်ကြီးနားမြို့တွင်း ရေ၀င်ရောက်နေသည်ကို ဇွန်လ ၂၅ ရက်နေ့က မြင်တွေ့ရစဉ် (Photo: Dr Kyaw Zaya/ Eleven Media Group)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အနိမ့်ပိုင်း ရပ်ကွက်များသို့ ရေ၀င်ရောက်နေပြီး ဒေသခံများ ပြောင်းရွှေ့မှုများ ပြုလုပ်နေရပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
မြစ်ကြီးနားမြို့တွင် ဧရာဝတီ မြစ်ရေသည် ဇွန်လ ၂၅ ရက်နေ့တွင် စိုးရိမ်ရေမှတ်ဝန်းကျင်သို့ စတင် ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
"နိမ့်တဲ့နေရာတွေ ရေ၀င်နေပြီ။ ရွှေ့နေရပြီ။ ကျွန်တော်တို့ ၀ိုင်းမော် ကယ်ဆယ်ရေးစခန်းတွေ သွားဖို့ တောင် ဒီနေ့ လောလောဆယ် မသွားဖြစ်သေးဘူး။ မြို့ခံတွေက အပြန်ခက်မယ်ဆိုလို့ စောင့်ကြည့်နေရတယ်"ဟု စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ရန် ရောက်ရှိနေသော ဒေါက်တာ ကျော်ဇေယျက ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံ နက် ၁၀ နာရီဝန်းကျင်က ပြောပြသည်။
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် တိုင်းထွာချက်များအရ ၁၁၆၆ စင်တီမီတာသို့ ရောက်ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက နံနက် ၁၀ နာရီဝန်းကျင်တွင် ပြန်လည်ဖြေကြားခဲ့သည်။
မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၂၀၀ စင်တီမီတာဖြစ်ပြီး လက်ရှိမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ၃၄ စင်တီမီတာ (တစ်ပေကျော်ခန့်)သာ လိုတော့ခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့တွင်း ရေ၀င်ရောက်နေသည်ကို ဇွန်လ ၂၅ ရက်နေ့က မြင်တွေ့ရစဉ် (Photo: Dr Kyaw Zaya/ Eleven Media Group)

မြစ်ကြီးနားမြို့တွင်း ရေ၀င်ရောက်နေသည်ကို ဇွန်လ ၂၅ ရက်နေ့က မြင်တွေ့ရစဉ် (Photo: Dr Kyaw Zaya/ Eleven Media Group)
"အလယ်ကုန်း၊ မြို့သစ်ကြီး၊ စီတာပူဘက် မြေနိမ့်တဲ့ဘက်တွေ ရေ၀င်နေပြီ။ ကယ်ဆယ်ရေးစခန်းတချို့လည်း ဖွင့်ထားပြီလို့ သိရတယ်။ အခုလောလောဆယ်တော့ ဒီမှာ မိုးလည်း ရွာနေတယ်"ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ပြောပြသည်။
ဧရာဝတီမြစ်တွင် မြစ်ကြီးနား၊ ဗန်းမော်အပါဝင် မြို့နယ်အချို့တွင် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သော ရေကြီးမှုကို ၂၀၀၄ ခုနှစ်က ကြုံတွေ့ခဲ့ရသည်။
ဧရာဝတီမြစ်တွင် စိုးရိမ်ရေမှတ် ရောက်ရှိခြင်းကို ယခင်က မိုးလယ်ကာလ ၀န်းကျင်ရောက်ရှိမှသာ ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်မှာမူ မိုးဦးကာလ ဇွန်လအတွင်း၌ပင် စတင် ကြုံတွေ့လာရကြောင်း သိရသည်။
မြစ်အထက်ပိုင်းတွင် သစ်တောပြုန်းတီးမှု၊ သယံဇာတ တူးဖော်ခြင်း လွန်ကဲမှု၊ မြစ်ကြောင်း ပြောင်းလဲစေမှု စသည်တို့ကြောင့် မြေဆီလွှာများ မြစ်အတွင်း ရောက်ရှိမှုများပြား၍ မြစ် ကြမ်းပြင် မြင့်တက်လာသည့်အတွက် ရေကြီးမှုဖြစ်ပေါ်သည်ဟု ယူဆရ ကြောင်းလည်း ဒေသခံအချို့က သုံးသပ်ကြသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။