Wednesday, June 27, 2012

 ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်ရုံးခွဲဖွင့်လှစ်

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ရန်ကုန်ရုံးခွဲကို  အမှတ်(၁) သစ္စာလမ်း ရန်ကင်းမြို့နယ် ရန်ကုန်မြို့ (ရန်ကုန်တိုင်းစီမံကိန်းရုံးဝင်းအတွင်း) တွင် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။
အဆိုပါရုံးခွဲတွင် မြန်မာကုမ္ပဏီဌာနခွဲနှင့် ရင်းနှီးမြှုပ်နှံမှုဌာနခွဲတို့ကို ဖွင့်လှစ်ထားပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီများ၏ လုပ်ငန်းစဉ်အချို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးဦးစံခင်က ''အဓိက စီးပွားရေးလုပ်ငန်းတွေက ရန်ကုန်မှာရှိတဲ့အတွက် ရန်ကုန်ရုံးခွဲဖွင့်ပြီး ဆောင်ရွက်ပေးရင် လုပ်ငန်းကုန်ကျ စရိတ်သက်သာသွားမယ်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနဲ့ ကုမ္ပဏီဆိုင်ရာကိစ္စတွေကို အခုစလုပ်ပါမယ်။ လိုအပ်ရင် ဒီထက်တိုးချဲ့မယ်။ လုပ်ထုံးလုပ် နည်းပိုင်းကိုလည်း ဆက်ပြီးဖြေလျော့ဖို့ ရှိပါတယ်''ဟုလည်း ပြောကြားခဲ့ပါသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။