Wednesday, June 27, 2012

ပြည်တွင်းရာဘာကုန်ကြမ်းဈေး ကန်ဒေါ်လာ တစ်ရာဝန်းကျင် မြင့်တက်

ဇွန်လကုန်ပိုင်းတွင် ပြည်တွင်းရာဘာကုန်ကြမ်းဈေးနှုန်းများမှာ တစ်တန်လျှင် ကန်ဒေါ်လာတစ်ရာဝန်းကျင်မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက သိရှိရသည်။




မြန်မာ့ရာဘာဈေးနှုန်းသည် ကမ္ဘာ့ရာဘာဈေးနှုန်းနှင့် ဆက်စပ်လျက်ရှိပြီး ရာဘာကုန်ကြမ်းများအား ပြည်ပသို့ လစဉ်တင်ပို့လျက်ရှိသလို ရာဘာကုန်ချောတင်ပို့မှုမှာလည်း ယခင်နှစ်ကထက် မြင့်တက်ကြောင်း သိရှိ ရသည်။


ဇွန်လပထမအပတ်က ရော်ဘာဈေးနှုန်းတွေထက် အခုလက်ရှိလကုန်ပိုင်းဈေးနှုန်းတွေက ပိုတက်လာတယ်။ တစ်မျိုးနဲ့တစ်မျိုးတော့ မတူဘူးပေါ့။ သူ့အမျိုးစားအလိုက် ကွာသွားတာတွေရှိတယ်။ဟု မြန်မာနိုင်ငံ ရာဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုမှုအရ သိရှိရသည်။


ဇွန်လ ပထမအပတ် ရာဘာကုန်ကြမ်းဈေးနှုန်းမှာ RSS1 တစ်တန်လျှင် အမေရိကန် ဒေါ်လာ သုံးထောင်၊ RSS3 တစ်တန်လျှင် အမေရိကန်ဒေါ်လာ   နှစ်ထောင့်ကိုးရာနှင့် RSS5 တစ်တန်လျှင် အမေရိကန် ဒေါ်လာ နှစ်ထောင့် ရှစ်ရာအထိ ပေါက်ဈေးရှိရာမှ ဇွန်လကုန်ခါနီးတွင် ဈေးမြင့်တက် လာခြင်းဖြစ်သည်။


မြင့်တက်ခဲ့သော ပြည်တွင်းရာဘာကုန်ကြမ်းဈေးနှုန်းများမှာ RSS1 တစ်တန်လျှင် အမေရိကန် ဒေါ်လာ သုံးထောင့် တစ်ရာ၊ RSS3 တစ်တန်လျှင် အမေရိကန် ဒေါ်လာသုံးထောင်နှင့် RSS5 တစ်တန်လျှင် အမေရိကန် ဒေါ်လာ နှစ်ထောင့်ကိုးရာအထိ မြင့်တက်ခဲ့သည်


ပြည်တွင်းရာဘာဈေးနှုန်းများမှာ ကမ္ဘာ့ရဘာဈေးနှုန်းများအပေါ်တွင်မှုတည်၍ ဈေးမြင့်တက်ရခြင်းဖြစ်သည်


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။