Thursday, September 6, 2012

 ဖားကန့် ဒေသမှ ယန္တရားကုမ္ပဏီများ ဟုမ္မလင်းမြို့သို့ ပြောင်းရွှေ့ အခြေစိုက်လာ


5239ဟုမ္မလင်းမြို့သို့ ဖားကန့်ဒေသ မှ ယန္တရားကုမ္ပဏီများ ပြောင်းရွှေ့ အခြေစိုက်လာကြသည်ဟု ဟုမ္မလင်း မြို့ဒေသခံများ၏ ပြောကြားချက် များအရ သိရှိရသည်။

“အရင်က ဒီကုမ္ပဏီတွေက ဖားကန့်ဘက်ကို အခြေစိုက်တာဗျ။ အခုတော့ ဖားကန့်ဘက်မှာ တိုက်ပွဲ တွေများလာလို့ ထင်တယ်။ ဟုမ္မလင်း မြို့ကို ပြောင်းရွှေ့အခြေစိုက်လာတာ လပိုင်းလောက်တော့ ရှိပြီ။ ဒီမှာ Volvo ၊ Hitachi ၊ Dosan ၊ MyanmarKido ဆိုတဲ့ နာမည်တွေ နဲ့ ယန္တရားကုမ္ပဏီ အုပ်စုတော်တော် များများ လာဖွင့်ထားကြပြီ။ သူတို့ ကုမ္ပဏီတွေက ယန္တရားဆားဗစ်ပါ။ ဘက်ဟိုးတို့၊ လုတ်ဒါတို့ အတွက် ပြင်ဆင်ဆားဗစ်ပေးတဲ့ ကုမ္ပဏီတွေပါ။ ဟုမ္မလင်းမြို့နယ်ထဲနဲ့အထက် ချင်းတွင်းဒေသမှာလည်း ရွှေမှော်တွေက စက်ကြီးတွေ အသုံးပြုပြီး ဆောင်ရွက်နေကြတယ်လေ” ဟု ဟုမ္မလင်းမြို့ ဒေသခံတစ်ဦးက ပြော ကြားပါသည်။
ဖားကန့်ဒေသတွင် သြဂုတ်လ တတိယပတ် အတွင်းမှစတင်၍ မြန်မာ့ တပ်မတော်နှင့် KIA တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စစ်ပြေးဒုက္ခသည် များ ဖားကန့်မြို့ပေါ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရာ စာရင်းများအရ လူဦးရေ ၈၀၀၀ ကျော် ရှိပြီဟု သိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။