Thursday, September 6, 2012

သန်လျင်ရေနံချက် စက်ရုံရှိ စက်ဆီ/ချောဆီ ရောစပ်စက်ရုံအား နိုင်ငံခြား လုပ်ငန်းရှင်များနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ကာလရှည် ငှါးရမ်းလုပ်ကိုင်ခွင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရ


သန်လျင်မြို့ရှိ အမှတ်(၁) ရေနံ ချက်စက်ရုံတွင်ရှိသော စက်ဆီ/ချော ဆီရောစပ်စက်ရုံ (Lubricant Blending Plant)အား ပုဂ္ဂလိက လုပ်ငန်းရှင်များထံ လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးအပ်သွားမည် ဖြစ်ကြောင်း မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းမှ သတင်းရရှိပါသည်။
မြန်မာနိုင်ငံအတွင်း လက်ရှိ လည်ပတ်နေသည့် ရေနံချက် စက်ရုံ ၃ရုံရှိပြီး အဆိုပါစက်ရုံများမှာ သန်လျင်ရေနံချက်စက်ရုံ၊ ချောက် ရေနံချက်စက်ရုံ၊ သံပုရာကန်ရေနံချက်စက်ရုံများဖြစ်ကြောင်း သိရှိရပါသည်။

ပြည်တွင်းရှိ လက်ရှိလည် ပတ်နေသော ရေနံချက်စက်ရုံသုံးရုံမှာ စတင်လည်ပတ်စဉ် အချိန်က တစ်နေ့လျှင် ရေနံစည် ၅၁၀၀၀ အထိ ချက်လုပ်နိုင်ခဲ့သော်လည်း လက်ရှိကာလတွင် ယခင်ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံသာထုတ်လုပ်နိုင်သည့် အထိ ထုတ်လုပ်နိုင်မှု ကျဆင်းလာ ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ရေနံထုတ်လုပ်နိုင်မှု ကျဆင်းလာခဲ့သည့် အတွက် ရေနံချက်စက်ရုံများအား  အဆင့်မြှင့်တင်နိုင်ရန်နှင့် ထုတ်လုပ်မှု စွမ်းအား ပိုမိုမြှင့်တင်နိုင်ရန် အမှန် တကယ်လုပ်ကိုင်နိုင်သည့် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များအား လုပ်ကိုင် ခွင့်ပေးအပ်သွားမည် ဖြစ်ကြောင်း လည်း သိရှိရပါသည်။
“ စက်ဆီချောဆီစက်ရုံကို လုပ်ကိုင်ချင်တဲ့ သူတွေအနေနဲ့ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နဲ့ Lube Base Oil  နဲ့Addtive တွေတင်သွင်း ထုတ်လုပ်မဲ့အခြေအနေကို အဓိက တင်ပြရပါမယ်။ ပြည်တွင်းလုပ်ငန်းရှင်ကို ဦးစားပေးချင်ပေမဲ့ တကယ်လုပ်နိုင်တဲ့သူကိုပဲ လုပ်ပိုင်ခွင့် ပေးအပ်မှာပါ။ လုပ်ကိုင်ခွင့်ပြုမဲ့ ကာလကို မသတ်မှတ်ရသေးပေမဲ့ ကာလရှည် လုပ်ခွင့်ပြုဖို့ရှိပါတယ်” ဟု မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။
ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လုပ်ကိုင်ခွင့် ပေးအပ်ရာတွင်လည်း ပြည်တွင်းလုပ်ငန်းများမှာ ရေနံ ချက်စက်ရုံများ အဆင့်မှီလည်ပတ်နိုင်ရန် အတွေ့အကြုံနှင့် နည်းပညာ အားနည်းချက် ရှိနေသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုသာ ဦးစားပေး လုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။
မြန်မာနိုင်ငံအတွင်း ရေနံစိမ်း ထုတ်လုပ်နိုင်မှု တိုးမြှင့်ရေးအတွက် ကမ်းလွန်နှင့်ကုန်းတွင်း လုပ်ကွက်များအား ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များထံ လုပ်ကိုင်ခွင့် ပေးအပ်နေပြီး ရေနံချက် စက်ရုံသစ်များကိုလည်း တည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။
လက်ရှိတွင်လည်း မန္တလေး တိုင်းဒေသကြီး၊ မြို့သာမြို့အနီးတွင် တည်ဆောက်နေသည့် မြို့သာရေနံချက် စက်ရုံမှာ ၂၀၁၃ခုနှစ် နှစ် ကုန်ပိုင်းတွင် စတင်လည်ပတ်နိုင်ဖွယ် ရှိကြောင်း စွမ်းအင်ဝန်ကြီး ဋ္ဌာန၊ မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းမှ သိရှိရပါသည်။
မြို့သာရေနံချက်စက်ရုံအား တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ သွယ်တန်းမည့် အရှည် ၂၇၆၀ ကီလိုမီတာ၊အ ချင်း ၃၂ လက်မရှိ ရေနံစိမ်း ပိုက်လိုင်းမှ Tapping ထုတ်ယူပြီးတစ်နေ့လျင် ရေနံစည်ပေါင်း ၅၆၀၀၀ အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကာ လက်ရှိလည်ပတ်နေသည့် စက်ရုံများ ၏ ထုတ်လုပ်နိုင်စွမ်းထက် ပိုမိုမြင့်မားကြောင်း လည်း သိရှိရပါသည်။
စွမ်းအင်ဝန်ကြီးဋ္ဌာန အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ရေနံစိမ်းစည်ထောင်ပေါင်း ၇၁၅၆.၆ ထုတ်လုပ်ရန် ရည်မှန်းထားပြီး လက်ရှိလည်ပတ်နေသော စက်ရုံ ၃ ရုံမှ တစ်နေ့လျင် ရေနံစိမ်းစည် ၇၅၀၀ နှင့် လေဆီ  ၁၁၀၀၀ ထုတ် လုပ်နေကာ အဆိုပါလေဆီအား သန်လျင်ရေနံချက်စက်ရုံမှ ထုတ်လုပ်ကြောင်းလည်း သိရှိရပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိလည်ပတ်နေသော ရေနံချက်စက်ရုံများ
စဉ်   စက်ရုံကုန်ထုတ်လုပ်မှု(စည်/နေ့)တည်ထောင်သည့်ခုနှစ်
သန်လျင်ရေနံချက်စက်ရုံ၂၀၀၀၀၁၉၆၃
ချောက်ရေနံချက်စက်ရုံ၆၀၀၀၁၉၅၄
သံပုရာကန်ရေနံချက်စက်ရုံ၂၅၀၀၀၁၉၈၂
                                    
မှတ်ချက်။        ။လက်ရှိကာလတွင် မူလထုတ်လုပ်နိုင်စွမ်း၏ သုံးပုံတစ်ပုံသာ ထုတ်လုပ်နိုင်
Source:မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။