Friday, August 24, 2012

 ပြည်ပမှ ကျန်းမာရေးကို ထိခိုက်စေသေ ဆီများ အထက်မြန်မာပြည်ဈေးကွက်သို့ ၀င်ရောက်လျက်ရှိပြီး အဆိုပါဆီများ ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်လာမှုမရှိစေရေး တားဆီးပိတ်ပင်မှုများ ပြုလုပ်သွားရန် ရခိုင်ပြည်နယ်အစိုးရရုံးမှ ပြည်နယ်အတွင်းခရိုင်မြို့များသို့ လမ်းညွှန်ထားကြောင်းသိရှိရ


ပြည်ပမှ ကျန်းမာရေးကို ထိခိုက်စေသောဆီများ အထက်မြန်မာပြည်ဈေးကွက်သို့ ၀င်ရောက်လျက်ရှိပြီး အဆိုပါဆီများ ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်လာမှုမရှိစေရေး တားဆီးပိတ်ပင်မှုများ ပြုလုပ်သွားရန် ရခိုင်ပြည်နယ်အစိုးရရုံးမှ ပြည်နယ်အတွင်းခရိုင်မြို့များသို့ လမ်းညွှန်ထားကြောင်း သိရှိရပါသည်။

ပြည်ပမှ တရားမ၀င် လမ်းကြောင်းမှတစ်ဆင့် ၀င်ရောက်လာသော တာတုံးယုံခေါ် ပေပါဆီမှာ တံဆိပ်အရ စားသုံးဆီ အမျိုးအစားဝင်ဖြစ်သော်လည်း အခြားဆီများယင်း ပေပါအတွင်း ထည့်သွင်း ရောင်းချးမှု ရှိ/မရှိ အာမခံချက် မရှိကြောင်း၊ ရှောက်မိုင်းယန် အမည်ရှိ သုံးပိသာ ၀င်လက်ကိုင် ပါပလတ်စတစ်အကြည် ဘူးဆီနှင့် ဂျင်းလီတံဆိပ် ပါဆီတို့မှာ စားသုံးဆီအုပ်စု မဟုတ်ပဲ ဘုရားရင်ပြင်ပေါ်တွင် ဆီမီးပူဇော် သည့်ဆီမွေး အရည်များဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါဆီများကို (FDA) နှင့် (PTAC) ဓါတ်ခွဲခန်းများသို့ နမူနာပေးပို့ စစ်ဆေးခဲ့ရာ ယင်းအမည်မသိဆီများမှာ အသုံးပြုပြီး ဆီအရောများကို ပြန်လည် ပြုပြင်ထားသော ဆီများဖြစ်ကြောင်းနှင့် မည်သည့်စားသုံးဆီ အမျိုးအစားနှင့်မျှ ကိုက်ညီမှုမရှိဟု တွေ့ရှိရကြောင်းလည်း သိရသည်။ပဲဆီအဖြစ် တစ်ပိသာဈေး ၃၀၀၀ ၀န်းကျင်ဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသအတွင်း သက်ဆိုင်ရာမှ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းနှင့် စားသုံးပါက ကာလတစ်ခုအတွင်း အနှေးနှင့်အမြန် ကျန်းမာရေးကို ထိခိုက်လာနိုင်ကြောင်းလည်း သိရသည်။ 
အဆိုပါဆီများ ရခိုင်ပြည်နယ်အတွင်း ၀င်ရောက် ရောင်းချဖြန့်ဖြူးမှုအား တားဆီးနိုင်ရေးအတွက် ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ၏ အကြောင်းကြားချက် အားကိုးကားကာ စစ်တွေ၊ မောင်တော၊ကျောက်ဖြူ၊သံတွဲ ခရိုင်အုပ်ချုပ်ရေးမှူးများသို့ ရခိုင်ပြည်နယ်အစိုးရရုံးမှ လမ်းညွှန် အကြောင်းကြားထားခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။       

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။