Tuesday, June 26, 2012

မစိုက်ပျိုးဘဲ ထားတဲ့ စစ်တပ်သိမ်း မြေများ လယ်သမားများထံ ပြန်ပေးပါ

မစိုက်ပျိုးဘဲ ထားတဲ့ စစ်တပ်သိမ်း မြေများ လယ်သမားများထံ ပြန်ပေးပါမစိုက်ပျိုးဘဲ ထားတဲ့ စစ်တပ်သိမ်း မြေများ လယ်သမားများထံ ပြန်ပေးပါ
    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် တဘက်ဆွဲ ကျေးရွာအုပ်စုပိုင် မြေဧက ၁၈၁၇ ဧကကို တပ်ရဲ့ လိုအပ်ချက်အရ ဆိုပြီး လေကြောင်းရန် ကာကွယ်ရေးတပ် ၃၀၂၇၊ လေကြောင်းအမှတ် ၄၊ အမြောက်တပ် ၆၄ နဲ့ ကြံ့ခိုင်ရေးအဖွဲ့တို့ကနေ ၂၀၀၂ ခုနှစ်ကတည်းက သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ အခုအခါ စစ်တပ်က သိမ်းယူထားတဲ့ လယ်မြေတွေပေါ်မှာ လယ်သမားတွေက ဝင်ရောက် စိုက်ပျိုး ထွန်ယက်တဲ့အတွက်
လယ်သမားတွေနဲ့ စစ်တပ်အကြား ပဋိပက္ခမှုတွေ ဖြစ်ပွားနေပါတယ်။ အဲ့ဒီ လယ်ယာမြေတွေပေါ်မှာ စစ်တပ်က ထွန်ယက်စိုက်ပျိုးခြင်း မရှိဘဲ ငါးကန်တူးဖော်တာ၊ လုပ်ငန်းရှင်သူဌေးတွေကို မြေအငှား ချစားတာတွေ ပြုလုပ်နေတဲ့အတွက် လယ်သမားတွေဘက်က အခုလိုမျိုး ဝင်ရောက် ထွန်ယက် စိုက်ပျိုးကြခြင်း ဖြစ်တယ်လို့ သိရပါတယ်။ လယ်ယာမြေကိုပဲ ထွန်ယက်စိုက်ပျိုးတတ်တဲ့ လယ်သမားတွေ ဖြစ်တဲ့အတွက် မိမိတို့ လယ်ယာမြေတွေမှာပဲ ထွန်ယက် စိုက်ပျိုးခွင့်ပေးဖို့နဲ့ မိမိတို့ လယ်မြေတွေမှာ စစ်တပ်ပိုင် နွားတွေက ကျူးကျော် ဝင်ရောက်နေမှုကို ဟန့်တားပေးဖို့ကိုသာ တဘက်ဆွဲကျေးရွာအုပ်စုမှ လယ်သမားတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။