Tuesday, September 3, 2013

တာချီလိတ် မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ကိုးသိန်းကျော် ဖမ်းဆီးရမိ

သြဂုတ် ၃၁ ရက် ညနေပိုင်းက တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (ခ) အုပ်စု၊ ပါခုတ် ပူးပေါင်းစစ်ဆေးရေး စခန်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၈၄ သိန်း (တန်ဖိုး ငွေကျပ် ၁၉၆၈ သန်း)ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ ညနေ ၃ နာရီခွဲ ခန့်က တာချီလိတ် မူးယစ် (အထူး) တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပါခုတ်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် တာချီလိတ်ဘက်မှ ယာဉ်မောင်းအိုက်အွမ် (၃၀ နှစ်) မောင်းနှင်လာသည့် တိုယိုတာ ဒိုင်နာယာဉ်၊ အမှတ် ၉ဂ /_____အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နောက် ဘော်ဒီကြမ်းခင်း နှစ်ထပ်အံဝှက်အတွင်း လျို့ဝှက်သယ်ဆောင် လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၈၄ သိန်းပြား (တန်ဖိုးငွေကျပ် ၁၉၆၈ သန်း)အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။


ဝမ်တုံကျေးရွာရှိ နေအိမ်အား စစ်ဆေးရှာဖွေရာ နေအိမ်အိပ်ခန်းထဲမှ အမေရိကန်ဒေါ်လာ ၂၆၈၀၀ အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ စီဝမ်း (၁) ရွာနေ အိုက်စံမှ အိုက်အွမ်အား မိုင်းဖုန်း (ခ) အုပ်စု လွန်းကျိုင်းကျေးရွာသို့ ထိုင်းဘတ်ငွေ ၁၀ သန်းဖြင့် ပို့ဆောင်ပေးခိုင်း ခဲ့ကြောင်း...


 

ယင်းနောက် ဆက်လက်ပြီး အိုက်အွမ်နေထိုင်ရာ မိုင်းဖုန်း (ခ) အုပ်စု၊ ၀မ်တုံကျေးရွာရှိ နေအိမ်အား စစ်ဆေးရှာဖွေရာ နေအိမ်အိပ်ခန်းထဲမှ အမေရိကန်ဒေါ်လာ ၂၆၈၀၀ အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ စီဝမ်း (၁) ရွာနေ အိုက်စံမှ အိုက်အွမ်အား မိုင်းဖုန်း (ခ) အုပ်စု လွန်းကျိုင်းကျေးရွာသို့ ထိုင်းဘတ်ငွေ ၁၀ သန်းဖြင့် ပို့ဆောင်ပေးခိုင်း ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများကို ပို့ဆောင်ခိုင်းသူ အိုက်စံနှင့် ပို့ဆောင်ပေးသူ အိုက်အွမ်တို့အား တာချီလိတ် မြို့မရဲစခန်းမှ မယ (ပ) ၁၀၇/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တာချီလိတ် မြို့မရဲစခန်းသို့ စက်တင်ဘာ ၂ ရက် နံနက် ၁၁ နာရီခန့်က ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ တာဝန်မှူး ဒုရဲအုပ်တစ်ဦးမှ ဖြေပေးနိုင်မည့် အရာရှိမှာ အပြင်ထွက် သွားသဖြင့် ပြောခွင့်မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။