မူလတန်း
အခမဲ့ပညာရေးစနစ်ကျင့် သုံးနေချိန်တွင်
မြို့ကြီးများရှိလူစည်ကားရာနေရာများတွင် ကျောင်းနေအရွယ် ကလေး ငယ်များ
တောင်းရမ်းစားသောက်မှု ပိုမိုများပြားလာခြင်းက နိုင်ငံ၏ပညာ
ရေးဖွံ့ဖြိုးတိုးတက်မှုအား ထိခိုက်စေနိုင်ကြောင်း အခြေခံပညာကျောင်းများက
ဆရာမများက ပြော ကြားသည်။
' တစ်ချို့က စာရွက်လေးတွေနဲ့ဘယ်သူမကျန်းမာလို့ ဆေးဖိုးလိုလို့ ဆိုပြီးတောင်းကြတာပေါ့ဗျာ။ တစ်ချိုကလေးလေးတွေကျတော့ အစာမစားရလို့ထင်တယ်၊ ပိန်လှီပြီးတော့ လူတွေကိုအတင်းတွယ် ကပ်ပြီးမရမချင်းလိုက်တောင်းကြတယ်။

“
တောင်းရမ်းစားသောက်တဲ့ ကလေးတွေများပြားလာရင်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုမှာ
ယုတ်လျော့ သွားမှာပဲ၊အခု အဲ့ဒါမျိုးအဖြစ်တွေက ကင်းဝေးအောင်
အခမဲ့ပညာရေးစနစ်ကျင့်သုံးနေတာပါ”ဟု မန္တလေးမြို့မှ မူလတန်းပြဆရာမ
ဒေါ်ချိုချိုမာကပြောသည်။
တောင်းရမ်းစားသောက်ကြသူအများစုမှာ
သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်အများစုဖြစ်၍
လက်ဖက်ရည်ဆိုင်၊ကားဂိတ်နှင့် ဘုရားများ၊ လူစည်ကားရာနေရာများတွင်
တောင်းရမ်းလေ့ရှိကြောင်း သိရှိရသည်။
' တစ်ချို့က စာရွက်လေးတွေနဲ့ဘယ်သူမကျန်းမာလို့ ဆေးဖိုးလိုလို့ ဆိုပြီးတောင်းကြတာပေါ့ဗျာ။ တစ်ချိုကလေးလေးတွေကျတော့ အစာမစားရလို့ထင်တယ်၊ ပိန်လှီပြီးတော့ လူတွေကိုအတင်းတွယ် ကပ်ပြီးမရမချင်းလိုက်တောင်းကြတယ်။
အများဆုံးကတော့ကလေးငယ်ငယ်လေးတွေပဲများတယ်။
ကျောင်းနေအရွယ် စာသင်ခန်းထဲမှာမရှိဘဲ လမ်းပေါ်မှာတောင်း စားနေရတဲ့
ကလေးဟာကြာလာရင် စာရိတ္တပိုင်းဆိုင်ရာတွေကို ထိခိုက်လာနိုင်တယ်။
အမှုမဲ့အမှက်မဲ့ပစ်ထားမယ် ဆိုရင် နိုင်ငံနဲ့ လူမျိုး အတွက်
နစ်နာစရာကောင်းပါတယ်'ဟု မန္တလေးမှ ဦးစန်းမင်းကပြောသည်။
တောင်းရမ်းစားသောက်သည့်
ကလေးငယ်များ၏ ဘ၀တတ်လမ်းမှာ နိုင်ငံသားကောင်းတစ်ယောက် ဖြစ်ထွန်းရန်
ရာနှုန်းအင်မတန် နည်းကြောင်း၊ တောင်းရမ်းစားသောက်သည့် ကလေးများက
သက်ဆိုင်ရာမှ ကူညီဖေးမသင့်ကြောင်းကိုလည်း ၄င်းက ဆက်လက်
အကြံပြုပြောဆိုခဲ့သည်။
တောင်းစားနေသောကလေးအချို့မှာ မိဘများစေခိုင်းချက်ကြောင့် တောင်းနေရခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။
'သားက
ကျောင်းတက်ချင်တယ်၊ဒီမှာ မတောင်းချင်ဘူး၊ ဘုရားလူကြီးတွေက
မောင်းမောင်းထုတ် တယ်'ဟု တောင်းစားနေသော အသက်(၄)နှစ်အရွယ်ရှိ
ကလေးငယ်တစ်ဦးကဆိုသည်။
တောင်းရမ်းစားသောက်နေကြသော ကလေးငယ်များ၏ ပညာရေးအတွက် နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြောင်း ဆရာမတစ်ဦးက ပြောကြားခဲ့သည်။
“ကလေးငယ်တွေ
တောင်းရမ်းစားသောက်တာနဲ့ပတ်သက်ပြီး သူတိုကိုပညာသင်ကြားခွင့်ရအောင်
ဝိုင်းဝန်းကူညီ ပေးဖိုအတွက်က အဖွဲ့စည်းတွေမှ မဟုတ်ပါဘူး၊ နိုင်ငံသား
အားလုံးမှာ တာဝန်ရှိပါတယ်။
ရန်ကုန်မှာတော့တောင်းစားတဲ့သူတွေကိုလိုက်ဖမ်းနေတယ်၊အခုဆိုရင်အခမဲ့ပညာသင်ပေးတဲ့ကျောင်းတွေလည်း
ရှိနေတော့ တောင်းရမ်းစားသောက်နေတဲ့ လမ်းပေါ်ကကလေးငယ်တွေကို
ဝိုင်းဝန်းကူညီ ဖေးမသင့်တယ်'ဟု ဆရာမဒေါ်ဥမ္မာလှိုင်က သုံးသပ်ပြာကြားခဲ့ပါသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။