Thursday, March 28, 2013

လတ်တလော ဖြစ်ပွားသည့် ဆူပူများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတမှ မိန့်ခွန်းပြောမည်

ရန်ကုန်(မဇ္ဈိမ)။     ။ မိတ္ထီလာ ကိစ္စအပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်းပြီး နိုင်ငံတော်သမ္မတမှ ယနေ့ ညနေ ၆ နာရီနှင့် ည၈နာရီ ၁၀ မိနစ်တွင် ပြည်သူများသို့ မိန့်ခွန်းပြောမည်ဟု နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူ တဦးထံမှ သိရသည်။

 နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော လှုံဆော်မှုများ ဘာသာရေး အဓိကရုဏ်း အချို့နှင့် ပတ်သတ်ပြီး သမ္မတ ဦးသိန်းစိန်က တိုင်းပြည်သို့ ရှင်းလင်းပြောကြားမှုကို ရိုက်ကူးထားပြီး ဖြစ်ကာ အဆိုပါ မိန့်ခွန်းအပြည့်အစုံကို
မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့အသံ၊ အက်ဖ်အမ်(FM )ရေဒီယို လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည်ဟု  သတင်းရရှိ သည်။

ထိုမိန့်ခွန်း အပြည့်အစုံကို မနက်ဖြန် (၂၉) ရက်နေ့တွင် နံနက် ၇ နာရီတွင်လည်း ပြန်လည်ထုတ်လွှင့်ပေးမည်
ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။