Thursday, March 28, 2013

ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကြီး အင်ဒိုနီးရှားက ဆောက်မည်

အင်ဒိုနီးရှားအစိုးရပိုင် Bukit Asam ကျောက်မီးသွေး တူးဖေါ်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ကျောက်မီးသွေး သုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး စက်ရုံ တရုံ တည်ဆောက်ရန် အမေရိကန် ဒေါ်လာ သန်း ၈၀ ရင်းနှီးမြှုပ်နှံရန် ရှိသည်ဟု Jakarta Globe သတင်းစာတွင် ဖေါ်ပြသည်။

ယင်း ဓာတ်အားပေး စက်ရုံသည် မြန်မာနိုင်ငံရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံများအနက် အကြီးဆုံး စက်ရုံ ဖြစ်လာမည် ဖြစ်သည်။

"ဒီစွမ်းအင်းစီမံကိန်းက မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်နိုင်ပါတယ်။ အဲဒီစီမံကိန်းအတွက် သုတေသန အဖွဲ့တဖွဲ့က
လေ့လာမှုတွေ လုပ်ပြီးပါပြီ" ဟု Bukit Asam ၏အတွင်းရေးမှူး ဂျိုကိုပရာမိုနိုက The Jakarta Globe သို့
ပြောကြားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် လက်ရှိအချိန်၌ အင်ဒိုနီးရှား အစိုးရပိုင် ကုမ္ပဏီ ၁၅ ခုတို့က စိတ်ဝင်စားစွာ လေ့လာလျက်ရှိကြောင်း အင်ဒိုနီးရှားဝန်ကြီး Dahlan Iskan က ပြောသည်ဟု The Jakarta Globe သတင်းတွင် ဖေါ်ပြသည်။ ပြီးခဲ့သည့် နိုဝင်ဘာလက အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါသည် အာဆီယံအတွက် သတင်းအချက်အလက် မှန်များ ရှာဖွေဖေါ်ထုတ်ရန် မြန်မာနိုင်ငံသို့ ရောက်လာခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။