Thursday, July 26, 2012

အဆိုးရွားဆုံး မှောင်ခိုနေသည့် ထိုင်းနှင့် တရုတ်နယ်စပ်မှ မှောင်ခိုတင်သွင်းမှုများကို မှတ်တမ်းများဖြင့် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြပြီးနောက် ထိုင်းနယ်စပ်မှ မှောင်ခိုတင်သွင်းမှုများအား ဖမ်းဆီး

ချစ်ကြည်ရေးတံတားအနီး မြန်မာ-ထိုင်း နယ်စပ်တစ်နေရာ
မြန်မာနိုင်ငံ၏ အဓိကနယ်စပ် ကုန်သွယ်မှုပြုနေသည့် တရုတ်နှင့် ထိုင်းနယ်စပ်များမှ မှောင်ခိုတင်သွင်းမှုများကို ဗီဒီယို၊ ဓာတ်ပုံမှတ်တမ်းများဖြင့် နိုင်ငံတော်သမ္မတရုံးထံ တင်ပြပြီးနောက် ထိုင်းနယ်စပ်မှ မှောင်ခို တင်သွင်းမှုများအား စောင့်ကြပ်ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ယခုအခါ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်၊ ကော့သောင်းမှ ထိုင်းကုန်စည်များ မှောင်ခိုတင်သွင်းမှု ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်ရှိတွင် ကော့သောင်းမှ မှောင်ခိုတင်သွင်းမှုများအား ဖမ်းဆီးသည်ဟုဆိုသော်လည်း မြ၀တီအပါအ၀င် ထိုင်းနယ်စပ်မှတစ်ဆင့် မှောင်ခိုကုန်သွယ်နေမှုများကိုပါ ဆက်လက်စောင့်ကြပ် ဖမ်းဆီးရန်လိုကြောင်း ဆိုသည်။
လက်ရှိ ဖမ်းဆီးရမိမှု ဂယက်၊ တပ်မတော်ရေမှ စောင့်ကြည့်ပေးမှု ဂယက်တို့ကြောင့် တရားဝင်တင်သွင်းမှု ပိုမိုပြုလုပ်လိုသည့် လုပ်ငန်းရှင်များ များပြားလာကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက် မှောင်ခိုကုန်သွယ်ရာတွင် ထိုင်းနယ်စပ်မှ အများဆုံး မှောင်ခိုတင်သွင်းပြီး ဒုတိယအများဆုံး မှောင်ခိုသည့် နယ်စပ်မှာ တရုတ်နယ်စပ်ဖြစ်ကြောင်း သိရသည်။
တရုတ်နှင့် ထိုင်းနယ်စပ်တစ် လျောက်မှောင်ခိုကုန်သွယ်မှုများအား အနည်းနှင့်အများထိန်းချုပ်လာနိုင်ပါ က စားသုံးသူပြည်သူများယခုထက် ပို၍ စားသောက်ကုန်အတုနှင့် ဆေး ၀ါးအတုများ သုံးစွဲရမှုအန္တရာယ်မှ လျော့ပါး သွားမည်ဖြစ်ကြောင်း၊ ပြည် တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လည်း အနည်းနှင့်အများ ထိခိုက် မှုမှ ကင်းလွတ်မည်ဖြစ်ကြောင်းနှင့် နိုင်ငံ၏ သယံဇာတများဖြုန်းတီးမှု လျော့ကျသွားနိုင်ကြောင်း သုံးသပ် ကြသည်။
မှောင်ခိုကုန်သွယ်မှု မည်မျ မြင့်တက်သည်ဆိုခြင်းကို ထိုင်းနိုင်ငံ မှ ထုတ်ပြန်သည့် မြန်မာနှင့်နယ်စပ် ကုန်သွယ်မှု ပမာဏစာရင်းနှင့် မြန်မာနိုင်ငံမှ တရားဝင် လိုင်စင်ပြုလုပ်ကုန်သွယ်သည့် နယ်စပ် ကုန်သွယ်မှုစာရင်းမှာ အမေရိကန် ဒေါ်လာသန်းပေါင်းများစွာ ကွာဟခြင်း၊ တရုတ်မှ ထုတ်ပြန်သည့် သစ်အပါအ၀င် မြန်မာဖြင့် ကုန်သွယ်သည့် စာရင်းနှင့် မြန်မာနိုင်ငံမှ တရားဝင်လိုင်စင်ပြုလုပ် ကုန်သွယ်သည့်ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ကွာဟသည့် အချက်များမှာ သက်သေပင်ဖြစ်ကြောင်း ထောက်ပြခဲ့ကြသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု၌ တရုတ်နိုင်ငံဖြင့် နယ်စပ်ကုန်သွယ်သည့် ပမာဏမှာ အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံဖြင့် နယ်စပ်ကုန်သွယ်မှုမှာ ဒုတိယအများဆုံးဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့အထိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုပမာဏမှာ တရားဝင် ထုတ်ပြန်ချက်အရ အမေရိကန်ဒေါ်လာ သန်း ၉၀၀ နီးပါးရှိပြီး ထိုင်းဖြင့် နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၁၂၀ အထက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
နှစ်စဉ် တရားမ၀င်ကုန်သွယ်မှုပမာဏမှာ တရားဝင် နယ်စပ်ကုန်သွယ်မှု ပမာဏ၏ အနည်းဆုံး သုံးပုံတစ်ပုံနှင့်အထက်အထိ ရှိနိုင်သည်ဟု တာဝန်ရှိသူအချို့မှ ထုတ်ဖော်ပြောကြားကြောင်း လုပ်ငန်းရှင်များက ဆိုသည်။        

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။