
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်းအတွင်းရှိ ပြည်တွင်းလေဆိပ် အဆောက်အအုံကို ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆောက်အအုံနှင့် ပြည်တွင်း လေဆိပ်အဆောက်အအုံ နှစ်ခုပေါင်း ခရီးသည် ၂ ဒသမ ၇ သန်းအား လက် ခံနိုင်မည်ဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၀၁၂ ခုနှစ်ကုန် တွင် ခရီးသည်သုံးသန်း ၀င်ရောက်မည်ဟု မျှော်မှန်းထားသည့်အတွက် ရန်ကုန်လေဆိပ်အား မဖြစ်မနေတိုးချဲ့ တည်ဆောက်ရန် လိုအပ်လာကြောင်း သိရသည်။
ပြည်တွင်းလေဆိပ် အဆောက်အုံနှစ်ခုပေါင်း ခရီးသည် ၂ ဒသမ ၇ သန်းအား လက်ခံနိုင်မည်ဖြစ်ပြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၀၁၂ ခုနှစ်ကုန်တွင် ခရီးသည်ခရီးသည် သုံးသန်းဝင်ရောက်မည်ဟု မျှော်မှန်းထားသည့်အတွက် ရန်ကုန်လေဆိပ်အား မဖြစ်မနေ တိုးချဲ့တည်ဆောက်ရန် လိုအပ်လာကြောင်း . . . |
လက်ရှိအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆောက်အုံအား ပြည်ပထွက်ခွာနှင့် ဆိုက်ရောက် ခရီးသည်များအတွက် အသုံးပြုလျက် ရှိပြီး ပြည်တွင်းလေဆိပ် အဆောက်အုံအား ပြည်တွင်းရှိမြို့များသို့ သွားလာမည့် ခရီးသည်များအတွက် အသုံးပြုလျက်ရှိသည်။
လက်ရှိအချိန်တွင် တိုးတက် ပြောင်းလဲလာသည့် နိုင်ငံရေး အခြေအနေများကြောင့် နှစ်စဉ် ပြည်တွင်း ပြည်ပခရီးသည်များ တိုးတက်များပြား လာခဲ့သည်ဟု သိရသည်။
ပြည်တွင်းပြည်ပ ခရီးသည် တိုးတက်မှုမှာ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ငါးနှစ်တာကာလအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ၂၃ ရာခိုင်နှုန်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ၂၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၀၁၂ ခုနှစ် ဇွန်လကုန်ထိ ခရီးသည် ၁ ဒသမ ၅၃ သန်းဝင် ရောက်ခဲ့ပြီး ၂၀၁၂ နှစ်ကုန်တွင် ခရီးသည်သုံးသန်းအထိ ၀င်ရောက်မည် ဟု မျှော်မှန်းထားခြင်း ဖြစ်သဖြင့် ယခုကဲ့သို့ လေဆိပ်အဆောက်အုံအား တိုးချဲ့တည်ဆောက်ရန် စီစဉ်ခြင်းဟု သိရသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တိုးချဲ့တည်ဆောက်ရာတွင် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြုပ်နှံလိုသူများအား တင်ဒါခေါ်ယူသွားမည်ဟုလည်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။