Thursday, July 26, 2012

ခင်ဦးမြို့နယ်သဇင်စံပြကျေးရွာက၀ါစိုက်တောင်သူများ ချေးငွေကိစ္စအခက်အခဲရှိနေ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သဇင်စံပြကျေးရွာတွင် ၀ါစေ့စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးဘဏ်မှ ၂၀၁၂ ခုနှစ်အတွက်စိုက်စရိတ်ချေးငွေရရှိရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်းဒေသခံတောင်သူများကဆိုသည်။


 ငွေထုတ်ချင်တဲ့သူတစ်ယောက်ကို ရေးခမှတ်ခအနေနဲ့ (၃၀၀၀)ထောင် တောင်းတယ်။ ၀ါစေ့စိုက်ပျိုးဖို့အတွက် စီမံကိန်း မဟုတ်ပဲနဲ့ (၅၀၀၀) ပေးရမယ်ပေါ့ဗျာ၊ အဲဒါမပေးလို့ရှိရင် ချေးငွေမထုတ်ပေးဘူးလို့ ရပ်ကွက်အုပ်ချုပ် ရေးမှူးက ပြောတယ်ဟု ကျေးရွာတွင်နေထိုင်သူတစ်ဦးက ပြောသည်။

စိုက်ပျိုးရေးဘဏ်မှတောင်သူများထံ နှစ်စဉ်စိုက်စားရိတ်ချေးငွေထုတ်ပေးလျက်ရှိရာ ယခုနှစ် ဇွန်လဆန်းပိုင်းက အုပ်ချုပ်ရေးမှူးနှင့်အတူ ဘဏ်ဥက္ကဋ္ဌတို့က ချေးငွေကိစ္စနှင့်ပတ်သက်၍ သဇင်စံပြကျေးရွာ အုပ်ချုပ်ရေး ရုံးတွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်းကိုလည်း သိရှိရသည်။
 
 
အဆိုပါ ကိစ္စရပ်များကြောင့် တောင်သူနှင့်ရွာသားများမှ ပူးပေါင်းကာ ခင်ဦးအုပ်ချုပ်ရေးမှူး အပါအ၀င် စစ်ကိုင်းတိုင်းဒေကြီး၊ ရွှေဘိုခရိုင်မှ တာဝန်ရှိသူများထံသို့ ဇွန်လ(၄)ရက်နေ့က တိုင်ကြားမှုပြုလုပ်ခဲ့သည်။ စိုက်ပျိုးရေးဘဏ်မှ တောင်သူများအတွက် ၀ါစေ့များကိုလည်း ထုတ်ပေးမှုရှိနေကြောင်း သိရှိရသည်။
 
 
 ဘဏ်ချေးငွေမထုတ်တဲ့သူလည်း ၀ါစေ့ထုတ်ရတာက ထုတ်ရတာပဲ။ ၀ါစေ့က တစ်အိတ်သာပြောတာ နှစ်ပြည်၊ သုံးပြည်လောက်ပဲ ပါတယ်။ ၀ါစေ့ကလည်း အဟောင်းတွေဗျ ဖောက်စားလို့လည်းမရဘူး မြေဆီတွေလည်း ပေး တယ်ပြောတယ်။ အဲဒါတွေလည်း တစ်ခုမှ မရဘူး။ဟု ရွာသားတစ်ဦးကပြောသည်။
 
 
သဇင်စံပြရွာသားများ၏ တိုင်ကြားမှုများကြောင့် တိုင်းကြားသူများတွင်ပါဝင်သူ (၂၀)ဦးအား ဇွန်လ(၃၀)ရက် နေ့တွင် ခေါ်ယူမေးမြန်းမှုများပြုလုပ်ကာ ဇူလိုင်လ(၂)ရက်နေ့တွင် ၎င်းတို့၏ ထွက်ဆိုချက်များ မှန်ကန်ကြောင်း လတ်မှတ်ထိုးပေးခဲ့ရကြောင်းကိုလည်း  ရွာသားများထံက သိရှိရသည်။
 
 
ယင်းကဲ့သို့တိုင်ကြားမှုအတွက် ခေါ်ယူမေးမြန်းမှုများနှင့်လတ်မှတ်ထိုးခိုင်းခြင်းများ ဖြစ်ပေါ်ခဲ့သော်လည်း ချေးငွေ ရရှိမှုအခြေအနေမှာ ထူးခြားမှုမရှိသေးပေ။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။