
မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်ဆန်းနှင့် ယ.က.က ကော်မတီဝင်များ အား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြည်သူ့ဒီမိုကရေစီပါတီမှ ဥက္ကဌဒေါက်တာသန်းထိုက်ဦးက မြစ်မခသို့ အသိပေးပြောကြားလိုက်သည်။ မန္တလေး ယ.က.က(မြို့တွင်း) (အဝေး) (ကုန်တင်ခေါက်တို)တို့အား လမ်းမကြီးများပေါ်တွင် အခွန် ကောက်ခံပိုင်ခွင့်မရှိပဲ အခွန်ကောက်ခံရန် ၀န်ကြီးဦးကျော်ဆန်းမှ လမ်းညွှန်ခွင့်ပြုခဲ့သောကြောင့် ဖြစ်သည်ဟု သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဇယား(၅)နှင့်
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥပဒေ(၄/၂၀၁၂)အရ ယ.က.က ရံပုံငွေ
ကောက်ခံခွင့်မရှိပဲ ကောက်ခံနေသည်မှာ ဥပဒေမဲ့ဖြစ်သည်ဟု
ပြည်သူ့ဒီမိုကရေစီပါတီဥက္ကဌ ဒေါက်တာသန်းထိုက်ဦးမှ
မန္တလေးတိုင်းဝန်ကြီးချုပ်ဦးရဲမြင့်ထံ တင်ပြတိုင်တန်းထား သောစာတွင်
ထည့်သွင်းဖေါ်ပြထားသည်ကို တွေ့ရသည်။ “ယ.က.က ရန်ပုံငွေကြေး ဟိုးယခင်က
မထသရံပုံငွေကြေးဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၅)မှာ ပါဝင်တဲ့
တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရက ကောက်ခံရတဲ့ အခွန်အခထဲမှာလည်း မပါဘူး ၊
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့် လက်မှတ်ထိုးပြီးတော့မှ
မန္တလေးတိုင်းဒေသကြီးလွှတ်တော် က ပြဌာန်းထားတဲ့ဥပဒေအမှတ် (၄/၂၀၁၂)မှာလည်း
ယ.က.က ကြေးကောက်ခံဖို့ဆိုတာမပါဘူး ၊ တရားဝင်ရရှိသော ရံပုံငွေနဲ့
ရပ်တည်ရမယ်လို့ပဲပါတယ်” ဟု ဒေါက်တာသန်းထိုက်ဦးက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ တရားစွဲဆိုခွင့်မရခဲ့လျှင်
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးနှင့် နိုင်ငံတော်သမ္မထံ သို့
တင်ပြသွားမည်ဖြစ်သည့်အပြင် ဥပဒေဘောင်အတွင်းမှ ဆက်လက်ဆောင်ရွက်သွားမည်
ဖြစ်သည် ဟူ၍လည်း ၄င်းကဆိုသည်။ “ဥပဒေမှာမပါတဲ့ အခွန်အခကောက်တဲ့ကိစ္စနဲ့
ပတ်သတ်ပြီးလို့ကတော့ တရားစွဲဆိုခွင့်မရရင်လည်း ဖွဲ့စည်းပုံ
အခြေခံခုံရုံးကိုတင်မှာပဲ ၊သမ္မတဆီကိုလည်းတင်မှာပဲ ၊ဒီကနေ့
ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီးနဲ့  ပြည်နယ်အစိုးရအဖွဲ့တွေဟာ
တရားဥပဒေကို လေးစားလိုက်နာမှုမရှိဘူး၊ဖွဲ့စည်းပုံအခြေခံဥပဒေကို
လေးစားလိုက်နာမှု မရှိဘူးဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတို့
လွှတ်တော်တို့ လုပ်ထားတာတွေ ဒါတွေက ဘာအဓိပ္ပါယ်ရှိတော့မှာတုန်း ´´ ဟု
၎င်းကဆက်လက်ပြောဆိုခဲ့သည်။
မန္တလေးတိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်ဆန်းနှင့်
ယ.က.ကကော်မတီဝင်များအား တရားစွဲဆိုနိုင်ရန်အတွက်
မန္တလေးတိုင်းဝန်ကြီးချုပ်ဦးရဲမြင့်ထံ
ပြည်သူ့ဒီမိုကရေစီပါတီမှဥက္ကဌဒေါက်တာသန်းထိုက်ဦးက စာပို့တင်ပြထားပြီး
ဖြစ်သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။