Monday, July 2, 2012

စွမ်းအင်မလုံလောက်၍ ရေထွက်ကုန်ပစ္စည်းစက်ရုံ အချိန်ပြည့်မလည်ပတ်နိုင်ခြင်းဟု ငါးဦးစီးကဆို

မြန်မာနိုင်ငံရှိ ရေထွက်ကုန်ပစ္စည်းစက်ရုံများအရှုံးပေါ်နေရခြင်းမှာ ကုန်ကြမ်းရှားပါးလာခြင်းကြောင့် မဟုတ်ပဲ စွမ်းအင် မလုံလောက်ခြင်းကြောင့်   အချိန်ပြည့်မလည်ပတ်နိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာန၊ အရည်အသွေးစစ်ဆေးရေး ဌာနက သိရှိရသည်။  
 

ရန်ကုန်မြို့တွင်း၌ပင် ရေထွက်ကုန်ပစ္စည်းစက်ရုံပေါင်း (၇၂)ရုံရှိသော်လည်း လက်ရှိအချိန်တွင်(၂၀)ခန့်သာ လည်ပတ်နိုင်ကြောင်း သိရှိရသည်။   
 
 “အအေးခန်းစက်ရုံတွေမှာ တနေ့ကို ၅ကြိမ်လည်ပတ်ဖို့အတွကလိုတယ် ဆိုပေမယ့် တစ်ကြိမ်ကို()နာရီနဲ့ ၂ကြိမ်လောက်ဆိုရင် (၁၆)နာရီလည်ပတ်နိုင်ရင် လုံလောက်ပါတယ်။ အခုက စွမ်းအင်မလုံလောက်လို့ရယ် အခြားစရိတ်စကတွေကြီးမြင့်လာတာတွေကြောင့် စက်ရုံတွေအရှုံးပေါ်နေတာပါ။ ကုန်ကြမ်း ရှားလာ တာကြောင့် ဆိုတာက သတင်းအချက်အလက်မှားပါတယ်။” ဟု မြန်မာနိုင်ငံငါးလုပ်ငန်း ဦးစီးဌာန၊ အရည်အသွေးစစ်ဆေး ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးတင့်ငွေက ပြောသည်။         
 
 
လွန်ခဲ့သည့် ၂၀၀၄ခုနှစ်မှ စ၍ အအေးခန်းစက်ရုံများအတွင်း ငါးပုဇွန်များရှားပါးလာကာ ၂၀၀၈ခုနှစ် နာဂစ်ဖြစ်ပြီး နောက်ပိုင်းတွင်မူ ငါးပုဇွန် ရှားပါးမှုပြဿနာကြုံတွေ့လာရပြီးနောက်ပိုင်း အအေးခန်းစက်ရုံ အချို့ ရပ်နားထား ရသည့် အဆင့်အထိ   ရောက်ရှိခဲ့သည်ဟု   ရေထွက်ပစ္စည်းနှင့် ပို့ကုန်လုပ်ငန်းရှင်များက ပြောသည်။
 
 
  “ရေချိုဆိုလည်း ပြည်ပတင်ပို့ဖို့ မလုံလောက်ဘူး။ သဘာဝကရတဲ့ ရေငန်ဆိုရင်လည်း ပြည်တွင်းစားသုံးဖို့ လောက်ပဲ ရတယ်။ ငါးပုစွန်ကုန်ကြမ်းတွေက နာဂစ်ပြီးကတည်းက ရှားလာခဲ့တာ အခုချိန်ထိပဲ။ ပုစွန်လုပ်ငန်း တွေဆို ရပ်တောင်ရပ်ပစ်လိုက်ရတယ်ဟု ရေထွက်ပစ္စည်းနှင့် ပို့ကုန်လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောသည်။     
 
    
ရေထွက်စက်ရုံလုပ်ငန်းရှင်များအနေဖြင့် စွမ်းအင်အရသော်လည်းကောင်း၊ စိုက်ဘဏ်ကဲ့သို့ အသေးစားငွေချေး မှုများပြုလုပ်ပေး၍သော် လည်းကောင်း ကုန်ကြမ်းထုတ်လုပ်မှုများ ခိုင်မာ တောင့်တင်းလာစေရန်အတွက် နိုင်ငံတော်အစိုးရမှ ပံ့ပိုးကူညီမှုများ   ပြုလုပ်ပေးစေချင်ကြောင်း ရေထွက်ကုန်လုပ်ငန်းရှင်များက ပြောသည်။      
 
 
ပြောင်းလဲခြင်းအစကို သွားမယ့် Plan ဆွဲဖို့လိုနေပါပြီ။ ချေးငွေဆိုင်ရာပံ့ပိုးမှုတွေ ထွက်ပေါ်လာဖို့ လိုပါတယ်။ ပုဇွန်လုပ်ငန်းဆိုရင် ပြန်လည်ထူထောင်နိုင်ဖို့တောင် မလွယ်တော့ဘူး။ ဈေးကွက်အရလည်း ပြိုလဲသွားတယ်။ လမ်းပမ်းဆက်သွယ်ရေးကမကောင်း၊ သယ်ယူစရိတ်တွေ ကြီးမားတဲ့အတွက် ဈေးကွက်စီးပွားရေးစနစ်ကိုရွှေ့ဖို့ လိုနေပါပြီဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဦးနှင်းဦးကပြောသည်။   
 
          
မြန်မာနိုင်ငံသည် ပင်လယ်ကမ်းရိုးတန်းဒေသ ကီလိုမီတာ(၂၀၀၀)ကျော်ရှိလျက် မြစ်ချောင်းအင်းအိုင်များ လွန်စွာပေါကြွယ်ဝသော နိုင်ငံဖြစ်ပြီး ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံပေါင်း (၁၂၀)ကျော်ရှိသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။