Monday, July 2, 2012

ဇွန်လ ၂၉ရက်နေ့၌ မြစ်ကြီးနားမြို့တွင် ဗုံးပေါက်ကွဲ၍ သေဆုံးသူမှာ ယာယီဆယ်အိမ်မှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်ဖြစ်ကြောင်း သိရ

ဇွန်လ ၂၉ရက်နေ့ ညနေ  ၆နာရီအချိန်ခန့်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊မြို့နယ် လ.၀.ကရုံးလမ်း၊ မိုးလုံလေလုံ အားကစားရုံ၏ တောင်ဘက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဗုံးထောင်သူဟု ယူဆရသူတစ်ဦး သေဆုံးခဲ့ရာ ယင်းသေဆုံးသူသည် ယာယီဆယ်အိမ်မှူးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ရုံးမှရရှိသော သတင်းများအရ သိရပါသည်။

အဆိုပါသေဆုံးသူသည် လွန်ခဲ့သည့် ၅နှစ်ကျော်ခန့်က အရန်  မီးသတ်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သော တိန်ရောင်နော်(ခ) မုန်ဂွတ် ၂၃နှစ်(ဘ)ဦးတိန်ရောင်ထူးဖြစ်ကြောင်းနှင့် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ အမှတ်(၃၁၄)ထွယ်ဆန်နယ်မြေ၊ နယ်မြေ(၅)၊ ယာယီဆယ်အိမ်မှူး တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။
၎င်းသည် ၂၀၀၇ခုနှစ်အောက် တိုဘာလ ၁၀ရက်နေ့တွင်အရန်မီး သတ်တပ်ဖွဲ့သို့ ၀င်ရောက်ခဲ့ပြီး ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ အရန်မီးသတ်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်မှု တစ်ခါတစ်ရံသာရှိခဲ့ပြီး ဇွန်လ ၂၄ရက်နေ့ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ၀င် ရောက်မှုတွင် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ပြန်လည်ထမ်းဆောင်ခြင်းဖြင့် အရန်မီးသတ်နှင့် ပြန်လည်ဆက်သွယ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၄င်းသည် အလုပ်အကိုင် အတည်တကျမရှိဘဲ ကျောက်ပွဲစား၊ ခြံပွဲစား စသည်တို့ လုပ်ကိုင်နေသူဖြစ်ကြောင်း ၂၀၁၂ခုနှစ်မတ်လခန့်တွင် အမည်မသိ လူစိမ်းနှစ်ဦးသည် ၄င်း၏နေအိမ်သို့ ၀င်ထွက်သွားလာနေကြောင်း ၄င်း၏ မိသားစုဝင်များ၏ ပြောကြားချက်များအရ သိရသည်။
တိန်းရောင်နော်(ခ)မုန်ဂွတ်သည် ကေအိုင်အေ အဖွဲ့ဝင်မဟုတ်ဘဲ မိသားစု၏ လက်ရှိစီးပွားရေးအခြေအနေကြောင့် ၄င်းကိုယ်တိုင် လမ်းဘေးတွင် မိုင်းထောင်ခြင်းဖြစ်နိုင်ကြောင်း တာဝန်ရှိသူများမှ သုံးသပ်ဖော်ထုတ်ထားဆဲဖြစ်ကြောင်းနှင့် ကွင်းဆက်တရားခံများအား ဖော် ထုတ် ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ထို့ပြင် တာဝန်ရှိသူများမှ ၄င်း၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာတွင် အခြားအထောက်အထား တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ကြောင်းနှင့် တိန်ရောင်နော်(ခ)မုန်ဂွတ်အား မြစ်ကြီးနားမြို့၊အမှတ် (၁)ရဲစခန်းမှ (ပ-၁၄၅/၂၀၁၂)ပေါက်ကွဲမှု ပုဒ်မ (၃)ဖြင့် အမှုဖွင့်အရေးယူထား ကြောင်းလည်း သိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။