Monday, July 2, 2012

ရှို့မီးကြောင့် ၂၀၁၂ နှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ မီးလောင်မှု ၄၅ ကြိမ်အထိ ဖြစ်ပွားခဲ့



7398
စစ်တွေမြို့တွင် ဇွန်လ ၁၀ ရက်နေ့က မီးလောင်မှုဖြစ်စဉ် တစ်ခုအား တွေ့ရစဉ်

ယခင်နှစ်ဇွန်လတွင် ရခိုင်ပြည်နယ်၌ မီးလောင်မှု မရှိခဲ့သော်လည်း ၂၀၁၂ နှစ် ဇွန်လပထမပတ်မှ လကုန် ပိုင်းအထိ၊ ရှို့မီးကြောင့် ရခိုင်ပြည်နယ်၌ မီးလောင်မှု ၄၅ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဌာနချုပ်ရုံးမှ ရရှိသော သတင်းများအရ သိရပါသည်။

ယင်းမီးလောင်မှု အားလုံးသည် ဇွန်လ ၈ ရက်နေ့မှ စတင်ခဲ့သော ရခိုင်ပြည်နယ် အရေးတွင် မသမာသူများမှ ရှို့သော မီးလောင်မှုများဖြစ်ကြောင်းနှင့် မောင်တော၊ စစ်တွေ၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် ပေါက်တောမြို့နယ်များတွင် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ 
ထိုသို့မီးလောင်မှုကြောင့် အိမ်ခြေအဆောက်အဦ ၃၂၆၄ လုံး ဆုံးရှုံးခဲ့ပြီး မီးဘေးဒုက္ခသည် ၄၉၂၄၆ ဦး ရှိခဲ့ကြောင်းနှင့် အကြမ်းဖက်မီးရှို့မှု များကြောင့် လူ ၄၀ ဦးသေဆုံးခဲ့ကာ ၅၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်တွင်ဇွန်လ ၂၁ ရက် နေ့အထိ ရခိုင်ပြည်နယ်တွင် မီးလောင် မှု ၈၃ ကြိမ်ဖြစ်ပွားခဲ့ရာ ဇန်န၀ါရီလ တွင် ၁၀ ကြိမ်၊ ဖေဖော်ဝါရီလတွင် ၁၇ ကြိမ်၊ မတ်လတွင် ၈ ကြိမ်၊ ဧပြီ လတွင် ၃ ကြိမ်နှင့် ဇွန်လတွင် ၄၅ ကြိမ်ဖြစ်ပွားခဲ့ပြီး မေလတွင် မီးလောင် မှုဖြစ်ပွားခဲ့ခြင်းမရှိကြောင်းသိရသည်။
၂၀၁၁ ခုနှစ်တွင် ရခိုင်ပြည်   နယ်၌မီးလောင်မှု ၅၂ ကြိမ်ဖြစ်ပွား ခဲ့ပြီး ဇွန်လတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း မရှိကြောင်းနှင့်မီးလောင်မှုကြောင့် အိမ်ခြေ ၁၂၆၂ လုံးဆုံးရှုံးခဲ့ပြီး လူတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်ဇွန်လ ၁ ရက်နေ့မှ ၂၁ ရက်နေ့ အထိ မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်မှုစုစုပေါင်း ၈၅ကြိမ် ဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်တွင် ၄၅ ကြိမ်ဖြင့် အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းသည် ၁၄ ကြိမ်ဖြင့် ဒုတိယ အများဆုံးဖြစ်သည်။ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းသည် ၆ ကြိမ်ဖြင့် တတိယ အများဆုံးဖြစ်ပြီး ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။