Monday, July 2, 2012

 သရက်မြို့နယ်ပိတောက်ပင်ရေနံမြေတွင် ရေနံခပ်နေစဉ် ရေနံခပ်ခွက်နှင့် ရေနံတွင်း သံပိုက်ထိခက်ရာမှတဆင့် မီးလောင်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ သရက်မမြို့နယ်၊ ပိတောက်ပင်ကျေးရွာ ပိတောက်ပင်ရေနံမြေတွင် ရေနံခပ်နေစဉ် ရေနံခပ်ခွက်နှင့် ရေနံတွင်း သံပိုက် ထိခက်ရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ရုံးမှ ရရှိသော သတင်းများအရ သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၃၀ ရက်နေ့ ည ၉နာရီ ၃၀အချိန်တွင် ပိတောက်ပင် ရေနံမြေတွင်းအမှတ် GS-16 တွင် ပိုင်ရှင် ဦးကြည်နိုင်၏ ရေနံလက်ယက်တွင်းတွင် လုပ်သား ဦးထွန်းမင်းနိုင် ၂၇ နှစ်သည်ရေနံ ခပ်နေစဉ် ရေနံခပ်ခွက်နှင့် ရေနံတွင်း သံပိုက်ထိခက်ရာမှ ရေနံကန်သို့ မီး ကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် လုပ်သားများဖြစ်သည့် ဦးထွန်းမင်းနိုင်နှင့် ဦးကျော်ဇေယျတို့ လက်နှင့်ရင်ဘက်တို့တွင် မီးလောင်ဒဏ်ရာရရှိခဲ့ပြီး ရေနံစိမ်းပီပါ ၂၇ လုံး၊ ဒီဇယ်အင်ဂျင်စက် ၁၀လုံး၊ ထော်လာဂျီယာဉ်တစ်စီးနှင့် အလုပ်သမား နားနေတဲသုံးလုံး မီးလောင်မှုကြောင့် ဆုံးရှုံးခဲ့ရာ စုစုပေါင်း ဆုံးရှုံးမှုတန် ဖိုးကျပ် ၆၈သိန်းကျော်ရှိကြောင်း သိရသည်။
ယင်းမီးလောင်မှုဖြစ်စဉ်သို့ သရက်မြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ် ၂စီး၊ ရေသယ်ယာဉ်တစ်စီး၊ အမှတ်(၁)ဘိလပ်မြေ စက်ရုံမှ ရေသယ်ယာဉ်တစ်စီးနှင့် ပုဂ္ဂလိကထော်လာဂျီ ရေသယ်ယာဉ် ၂စီးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ကြောင်းနှင့် ယင်းနေ့ ည ၁၁နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းခဲ့ကြောင်းကို သရက်မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
မီးလောင်မှုဖြစ်စဉ်ကြောင့် ရေနံတွင်းလုပ်သား ဦးထွန်းမင်းနိုင် (ဘ) ဦးသန်းရွှေ မင်းဘူးမြို့နယ်နေသူအား သရက်မြို့နယ် ရဲစခန်းမှ ပ-၈၆/၂၀၁၂၊ပုပ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းလည်း သိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။