Monday, July 2, 2012

စော်ဘွားကြီးကုန်း အရှေ့မင်းဂံမှကျူးကျော်နေအိမ်များအတွက် မြေနေရာအစားပြန်ပေးစေလို

ရန်ကုန်တိုင်းဒေသကြီး စော်ဘွားကြီးကုန်းမြို့နယ် အရှေ့မင်းဂံအုပ်စု မင်္ဂလမ်းသွယ်(၂)တွင် နေထိုင်သော ပြည်သူများအား ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ်က ကျူးကျော်နေအိမ်များအဖြစ်သက်မှက်ကာ ရက်ပိုင်း အတွင်း ဖယ်ရှားပေး ရမည်ပာု ပြောဆိုခဲ့သော်လည်း မြေနေရာအစားပြန်မပေးသည်အတွက် ပြည်သူများအခက် တွေ့လျှက်ရှိကြောင်း သိရသည်။
 
 

မြေ(၁)ဧကခွဲ  အကျယ်အ၀န်းရှိသည့်  ထိုမြေနေရာတွင် အိမ်ခြေ(၂၄)လုံး၌ လူဦးရေ(၁၄၆)ဦး နေထိုင် လျှက်ရှိပြီး အများဆုံးမှာ လက်လုပ်လက်စားလုပ်ကိုင်သူများ ဖြစ်ကြောင်း အဆိုပါရပ်ကွက်နေ ရပ်မိ ရပ်ဖ တစ်ဦးကပြောသည်။
 
 
“ကျွန်တော်ဒီမှာ နေလာတာ နှစ်(၃၀)ကျော်ပါပြီ။ ဘိုးဘွားပိုင်မြေကြီးကို ကျွန်တော်တို့က ခွဲခွဲပြီးဝယ်ခဲ့ တာပါ။ အခုရက်ပိုင်း အတွင်းပြောင်းရမယ်လို့ ပြောပြီး မြေလည်းအစားပြန်မပေးတော့ ကျွန်တော်တို့ ဘ၀က လမ်းမရောက်တော့ မှာပေါ့ ”ပာု ဦးကျော်ဝင်းက ပြောသည်။
 
 
အဆိုပါ အရှေ့ မင်းဂံအုပ်စု မင်္ဂလမ်းသွယ်(၂)သည် ယခင်က ဦးစံရင်ဘိုးဘွားပိုင်မြေဧကများဖြစ်ပြီး ထိုအချိန်က လယ်ယာစိုက်ပျိုးခဲ့သောမြေများ ဖြစ်ကြောင်းကိုလည်း သိရသည်။
 
 
ထိုမြေဧကများအား ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်မှ ၁၉၈၉ခုနှစ်တွင် တစ်ခါသိမ်းယူခဲ့ပြီး ထိုအချိန်က   မြေအသိမ်းခံရသူများအားရွှေပြည်သာ၊ လှိုင်သာယာစသည်မြို့နယ်များတွင်အစားထိုးပေးခဲ့ ကြောင်းသိရသည်။
 
 
“ကျွန်မတို့  စည်ပင်ခွန်၊ရေခ၊မီးခ စတာတွေကို လတိုင်း ပေးဆောင်ထားပါတယ်။ ဒီနေရာပာာ မြေလွတ်မြေရိုင်းမပာုတ်ပါဘူး။ ကျွန်မတို့တွေရဲ့ အသက်အိုး အိမ်တွေပါ”ပာု ကျူးကျော်နေအိမ်အဖြစ် သတ်မှတ်ခံထားရသည့်နေအိမ်မှ အိမ်ထောင်ရှင်မတစ်ဦးက  ပြောသည်။
 
အဆိုပါ မြေသိမ်းဆည်းမှုနှင့်ပတ်သတ်၍ တာဝန်ရှိသူတပ်မတော်သားတစ်ဦးအား မေးမြန်းရာ   အောက်ပါအတိုင်းပြန်လည်ဖြေကြား ခဲ့သည်။“ကျွန်တော်တို့ လူကြီးတွေစီမံတဲ့ ကိစ္စပါ။ ၈၉ မြေပုံအရ သိမ်းတယ်လို့ သိရပါတယ်”ပာု အဆိုပါ တာဝန်ရှိ တပ်မတော်သားက ပြောသည်။
 
ထိုသို ရက်ပိုင်းအတွင်း လူနေအိမ်များအား ပြောင်းရွှေ့ခိုင်းသည်မှာ  အရှေ့မင်းဂံ အုပ်စုတစ်ခုတည်း သာမက ကျူးကျော်မြေအဖြစ်သတ်မှတ်သည်မှာ ထန်းပင်ကုန်းရပ်ကွက်ရှိ လူနေတိုက်အိမ်ကြီးများလည်း ပါဝင်ကြောင်း သိရသည်။
 
ထိုသို့ လယ်မစိုက်တော့သည့်  မြေနေရာများ၌ လူနေအိမ်များသည် အနှစ်(၃၀)ခန်ကျော်လွန်စွာ နေထိုင်ပါက လန/၃၉ အား လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ချထားပေးရမည်ဖြစ်ကြောင်း မြေယာအမှုများ၌ ကျွမ်းကျင်သောတရားလွှတ်တော် ရှေ့နေ ဦးဌေးဦးထံက သိရှိရသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။