Wednesday, August 1, 2012

ဂျပန်ရုပ်သံလိုင်းတွင် ပြသရန် စစ်ခုံရုံးဖြစ်ခဲ့သောမြို့တော်ခန်းမအား မှတ်တမ်းရိုက်ကူး


မြန်မာနိုင်ငံစစ်ခုံရုံးသမိုင်းမှတ်တမ်းအား ဂျပန်ရုပ်သံလိုင်းတွင် ပြသရန်အတွက် ဂျပန်နိုင်ငံရှိ တိုကျို သတင်းထုတ်လွှင့်ဋ္ဌာန မှရန်ကုန်မြို့တော်ခန်းမတွင် ()မိနစ်စာ မှတ်တမ်းဇာတ်လမ်းအား ဂျပန်ရိုက်ကူးရေးအဖွဲက လာရောက်ရိုက်ကူးခဲ့ကြောင်း သိရှိရသည်

ဒုတိယကမ္ဘာစစ်ပွဲအတွင်းက အနိဌာန်ရုံမြင်ကွင်းများအား ဂျပန်နှင့်ကမ္ဘာမှသိရှိစေရန် ရည်ရွယ်လာရောက်ရိုက်ကူးခြင်းဖြစ်ကောင်း ရိုက်ကူးရေးအဖွဲခေါင်းဆောင် Usui Tetsuro  က ဆိုသည်။

ဒုတိယကမ္ဘာစစ်တွင်း မော်လမြိုင်။ ကျိုက်မရောမြို့နယ်ရှိ တွေင်းကုန်း။ ကုလားကုန်းရွာရှိ ရွာသူရွာသား (၆ဝဝ)ကျော်အား ၁၉၄၆ခုနှစ်က ဂျပန်စစ်ဗိုလ်များက သတ်ဖြတ်ခဲခြင်း ကြောင်အဆိုပါ စစ်ဗိုလ်များကို ခုံရုံးတင်စစ်ဆေးခဲသောမြို့တော်ခန်းမတွင်လာရောကိုက်ကူးခြင်း   ဖြစ်ကြောင်းကိုလည်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရှိရသည်။

အဆိုပါမှတ်တမ်းအတွက် ဂျပန်ရာဇဝတ်စစ်ဗိုလ်များအား ခုံရုံးမျက်နှာစာ လက်ယာဘက် လှေခါးမှ ခေါ်ဆောင်ခဲသည်မြင်ကွင်း။ ခုံရုံးဖွဲစည်းမပုံစံ မြင်ကွင်း။ မဟာမိတ်အဖွဲများ ခုံရုံး ရှေ သွားလာနေသည်မြင်ကွင်းများအတွက် ဒုတိယကမ္ဘာစစ်အပီး စစ်ခုံရုံးအဖြစ် အသုံး ပြုခဲသော ရန်ကုန်မြို့တော်ခန်းမတွင် ဇူလိုင်လ(၂၇)ရက်နေ့နေလည်ပိုင်းကလာရောက်ရိုက်ကူးခဲကာင်း သိရသည်။

‘’မြန်မာနိုင်ငံမှာ ရှေးအဆက်ဆက်က လေလာစရာတွေ အများကီး သိတဲသူက သိတယ်၊ မသိတဲသူက မသိကတောဘူး၊ သိတဲသူက မသိတဲသူကို သိအောင် ပြောပြတာကောင်းပါတယ် ‘’ဟုဂျပန်ခေတ်အား ဖြတ်သန်းဖူးသူ အသက်(၇ဝ)အရွယ်ရှိ ဦးစောက ပြောသည်၊

မြို့တော်ခန်းမကီးအား မြန်မာဗိသုကာပညာရှင် စည်သူဦးတင်မှ တည်ဆောက်ခဲ့ပြီး (၃)ထပ်အဆောက်ဦးပေါ်၌ မဟာမိတ်စစ်တပ်များနှင် ဂျပန်တို့၏ စစ်ရေးရာကိစရပ်များ ဆွေးနွေးခဲ့ကြသည်နေရာဖြစ်ပီး လက်ရှိတွင် ရှေးဟောင်း မြန်မာအနုပညာလက်ရာ အဆောက်အဦးဖြစ်ကြောင်း ဦးစောက ဆက်လက်ပြောကားခဲသည်၊

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။