Wednesday, August 1, 2012

ဘဏ်ချေးငွေကို ကိုယ်ရေး ကိုယ်တာအတွက် သုံးလိုက်တဲ့ အုပ်ချုပ်ရေးမှူး

<


ရဲချောင်းဝ ကျေးရွာ လယ်ယာမြေများ
ရန်ကုန်တိုင်း ဒလမြို့နယ် ရဲချောင်းဝ ကျေးရွာမှာရှိတဲ့ လယ်သမားတွေဟာ စိုက်ပျိုးချိန် အမှီ ဘဏ်က ချေးငွေ ထုတ်ပေးခြင်း မရှိတာကြောင့် စိုက်ပျိုးဖို့အတွက်
အခက် တွေ့နေကြရပါတယ်။ အနီးနား ကျေးရွာတွေက ချေးငွေရရှိပြီး မိမိတို့ကျေးရွာက ချေးငွေ မရရှိကြောင်း စိုက်ပျိုးရေးဘဏ်ကို အကြောင်းကြားတဲ့အခါ
အဆိုပါဘဏ်က ရဲချောင်းဝ ကျေးရွာဟာ ယခင်နှစ်က ချေးငွေတွေကို ပြန်မဆပ်သေးတာကြောင့် အခုလို ချေးငွေ မထုတ်ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရဲချောင်းဝ ကျေးရွာက လယ်သမားတွေဟာ ဘဏ်က ချေးငွေတွေကို ရဲချောင်းဝ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်ဦးထံ အချိန်မှီ ပြန်ဆပ်ကြပေမယ့် ၎င်းက
အဆိုပါ ချေးငွေတွေကို ဘဏ်သို့ ပေးသွင်းခြင်း မရှိဘဲ မိမိ ကိုယ်ရေး ကိုယ်တာအတွက် သုံးစွဲထားကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၀ ခုနှစ်တုန်းကလဲ
ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက ချပေးတဲ့ ချေးငွေနဲ့ ပတ်သတ်ပြီး ယခုလို ပြဿနာနဲ့ ကြုံတွေ့ ခဲ့ကြရတယ်လို့ ဒေသခံ လယ်သမားတွေက ဆိုပါတယ်။ ၂၀၁၂ ခုနှစ်
မိုးရာသီ စပါး စိုက်ပျိုးရေးအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ၁ ဧကကို ကျပ်ငွေ ၅၀၀၀၀ ထိ ချပေးမယ်လို့ ကြေငြာထားပေမယ့် ရဲချောင်းဝ ကျေးရွာမှ
လယ်သမားတွေဟာ အခုချိန်ထိ ချေးငွေ မရရှိသေးဘူးလို့ သိရှိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။