Saturday, August 18, 2012

ကုန်ကြမ်းရှားပါးမှုကြောင့် မွေးမြူရေးအစာဈေးနှုန်းများ သိသိသာသာမြင့်မားနေ


မွေးမြူရေးလုပ်ငန်းသုံးအစာဈေးကွက်တွင် ကုန်ကြမ်းရှားပါးလာခြင်းကြောင့် ပဲဖတ်နှမ်းဖတ် ဈေးနှုန်း များမှာ မြင့်တက်လျှက် ရှိသည့်အတွက် မွေးမြူရေးအစာရှာပါးမအခက်အခဲကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က သိရသည်။

ဇူလိုင်လ နောက်ဆုံးပါတ်တွင် ပဲဖတ်တစ်ကီလိုလျှင် (၅၁ဝ)ကျပ်၊ နှမ်းဖတ်တစ်ကီလိုလျှင်(၅၆ဝ)ကျပ်၊ ဖွဲနုတစ်ပေါင်လျှင် (၇ဝ)ကျပ်ရှိခဲ့ရာမှ ယခုသြဂုတ်လဆန်းပိုင်းတွင် ပဲဖတ်တစ်ကီလိုလျှင် (၅၈ဝ) ကျပ်၊ နှမ်းဖတ်တစ်ကီလိုလျှင်(၅၉ဝ)ကျပ်၊ ဖွဲနုတစ်ပေါင်လျှင် (၈ဝ)ကျပ်သို့ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

''မြေပဲနှမ်းတွေက အလုံးလိုက် အဆန်လိုက် ပြည်ပကို တလဟောထွက်နေတော့ ပြည်တွင်းမှာ နိုင်ငံသားတွေစားတဲ့ ဆီစက်တွေမှာ ကုန်ကြမ်းမရှိတော့ပဲ ငါးမွေးတဲ့သူတွေအတွက် ငါးစာဖြစ်တဲ့ ပဲဖတ်နှမ်းဖတ်တွေလည်း ဈေးတက်လာတယ် '' ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးဝင်းကြိုင်က ပြောသည်။

ပြည်တွင်းစိုက်ပျိုးထွက်ကုန်ပစ္စည်းများဖြစ်သည့် ပဲ၊နှမ်းအစရှိသည့် သီးနှံကုန်ကြမ်းရှားပါးနေသည့် အတွက် ငါးအစာထုတ်လုပ်ရန် ကုန်ကြမ်းရှားပါးကာ ကုန်ကြမ်းများအား ဈေးကြီးပေးဝယ်၍ ထုတ်လုပ်နေရသောကြောင့် ငါးအစာဈေးကွက်အတွင်း   ဈေးနူန်းများမြင့်တက်ရခြင်းဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းရှင်များထံက သိရှိရသည်။

''အစာကုန်ကြမ်းရှားပါးလာတော့ တစ်ပတ်နဲ့တစ်ပတ်တောင် အစာဈေးနှုန်းကမတူဘူး။ အတက်ပဲ ရှိနေတယ်။ ပြီးခဲ့တဲ့နှစ်က ဖွဲနု၊ပဲဖတ်နှမ်းဖတ်ဈေးက သိပ်မရှိဘူး။ဒီနှစ်ကို အစာဈေးနှုန်းက သိသိ သာသာကို တက်လာတာ''ဟု ငါးပုစွန်အစာထုတ်လုပ် သူများအသင်းမှ ဒေါက်တာသက်မှူးက ပြောသည်။    

ပြည်တွင်းမွေးမြူရေးအစာဈေးကွက်မှာ ပြည်ပနိုင်ငံထုတ်မွေးမြူရေး အစားစရိတ်ထက် ပိုမိုမြင့်တက်နေခြင်းကြောင့်   မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူပြုနိုင်သော အလုပ်ရုံဆွေးနွေးပွဲများ၊ သုသေတနပြု ဆွေးနွေးပွဲများ၊   မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ အချင်းချင်းဆွေးနွေးတိုင်ပင်မူများပြုလုပ်သင့်ကြောင်း လုပ်ငန်းရှင်များက အကြံပြုပြောဆိုကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။